40.

6.6K 499 4
                                    

Winner
Ep _ 40

ကျောင်းရောက်သည်နှင့် ဝဏ္ဏတစ်ယောက် ဟိုအဖြူကောင်ကို ရှာမိသည် ။  စာသင်ခန်း၏ အရှေ့ဆုံးတန်းမှာ မိန့်မိန့်ကြီး ထိုင်နေလေသည် ။

"ဘာလဲဟ ငါတို့က နောက်ဆုံးတန်းမှာ ထိုင်နေကြကို "

ရုတ်တရက်မို့ ကြောင်သွားသော်လည်း နောက်မှ သတိရသည် ။ ဒီကောင်က ကျွန်တော့်ကို ကြိုက်နေတယ် လာပြောလို့ ဆဲလွှတ်လိုက်သည်လေ ။ ဒါနဲ့ပဲ သူငယ်ချင်းတောင် မလုပ်တော့ဘူးတဲ့လား ။

"ဘယ်လိုကောင်မှန်း မသိဘူး နေကွာ "

ဝိုင့်ဆီ ဖုန်းဆက်တော့လည်း မကိုင် ။ တစ်ယောက်တည်းမို့ တအား ပျင်းလာသည် ။ အရင်လို ဘေးနားကနေ ရန်စမည့် သူမရှိတော့လည်း ပျော်ရမည့်အစား ပျင်းနေမိသည် ။

Crush လေးကို ဖွန်ကြောင်မည်ဟု စဉ်းစားလိုက်မိသည် ။ သို့ပေမယ့်လည်း စိတ်မပါ ။ ဟန်လေးကို အကြာကြီး ငေးကြည့်နေတော့လည်း ရင်တောင်မခုန် ။ စကား သွားပြောချင်စိတ်လည်း မရှိ ။

"ကျစ် ! ငါဘာဖြစ်နေတာလဲ "

ပျင်းပျင်းရိရိဖြင့် စာသင်တာကို လိုက် နားထောင်နေရသည် ။ တစ်ချက် တစ်ချက် ကင်းကောင်ဆီ အကြည့် ရောက်သွားသည် ... ကျောခိုင်းထားလို့သာ တော်သေးသည် ။

ကန်တင်း ထိုင်တော့လည်း တစ်ယောက်တည်း .... ။ အရင်ကတည်းက အပေါင်းအသင်းရယ်လို့ ဝိုင် တစ်ယောက်သာ ရှိခဲ့လေသည် ... အင်း H က ဒုတိယမြောက် သူငယ်ချင်းပေါ့ ။

"ငါ China ကို ခဏသွားတယ် ငါ့ဘေဘီလေးကို မင်းသေချာ စောင့်ရှောက်ထားပေး "

Online ဖွင့်လိုက်တော့မှ သကောင့်သားက မက်ဆေ့ ပို့ထားလေသည် ။

"ဘာ ! ဘယ်လောက်ကြာမှာလဲ "

"တစ်ပတ် "

"ကျစ် ! ကျောင်းဖွင့်ရက်ကြီးကို "

"ဆေးခွင့်တင်ထားတယ် "

"Shit ! "

ကန်တင်းရောက်တော့ H က ကျွန်တော်နဲ့ လာမထိုင် ။ မျက်နှာချင်းဆိုင် ဆုံမိတာတောင် ကျွန်တော့်ကို တစ်ချက် မကြည့် ။ မျက်နှာက ရုပ်တည်ကြီးဖြင့်  လုံးဝ တင်းမာနေသည် ။

Winner ? حيث تعيش القصص. اكتشف الآن