28.

5.8K 531 3
                                    

Winner
Ep _ 28

"ဦး ! "

သွေးမရှိတော့သည့် ကောင်လေး မျက်နှာက ဖြူဖျော့နေသည် ။ လူကိုတွေ့တာကို မသိရင် သရဲမြင်သည့်အလား လန့်သွားစရာ လိုလို့လား ။

"အစောကြီး ဘာလာလုပ်တာလဲ "

ဧည့်ခန်းထဲ ဝင်လိုက်သည်နှင့် ဘီယာဗူးခွံ အပြည့်ဖြင့် ရှုပ်ပွနေသည် ။ စားပွဲ ပေါ်တွင်လည်း စားထားသည့် မုန့်အခွံများက ပျံ့ကြဲနေပြန်သည် ။ ခေါင်းအုံးတစ်ခုက ဆိုဖာပေါ်တွင် ရှိနေပြီး စောင် ၂ ခုက ကြမ်းပြင်တွင် လျှောကျ နေသည် ။

ဆိုဖာပေါ်တွင် ခြေကားယား လက်ကားယားဖြင့် အိပ်ပျော်နေသည့် ကောင်လေး တစ်ယောက် ။ သူ့ခေါင်းအုံ့က ခြေထောက်အောက် ရောက်နေပြီး ဟနေသည့် ပါးစပ်မှ သွားရည်တွေက စီးကျနေသည် ။ ဟောက်သံက တစ်ခန်းလုံး ဟည်းထွက်နေသည် ။

"မင်းနာရီကို ပြန်ကြည့်ဦး "

ဦး က အင်မတန် စိတ်တိုနေဟန်ဖြင့် အံကြိတ်ကာ ပြောနေသည် ။ ဝိုင် တအံ့တဩ ဖုန်းယူကြည့်မိတော့ ၃ နာရီ ။
ဦး ရဲ့ miss call ၅ ခါ ။

ညက ဝဏ္ဏရဲ့ အိပ်မရဘူးဆိုသော အကြောင်းပြချက်ဖြင့် နှစ်ယောက်သား သောက်စားပြီး ဂိမ်းထိုင်ဆော့ဖြစ်ကြသည် ။
မနက်လေးနာရီ ထိုးခါနီးမှ ဆိုဖာပေါ်မှာပင် အိပ်ပျော်သွားကြသည် ။

"ဟိုလေ ခဏ ထိုင်ဦးနော် ဦး "

ဦး ကို ရယ်ပြပြီး သေနေသော ဝဏ္ဏ ဆိုသည့် အကောင်ကို နှိုးရသည် ။

"ဟေ့ကောင် ! ထစမ်း "

"ဟင် အင်း ..ဟန်လေး "

"ငါမင်းရဲ့ ဟန်လေး မဟုတ်ဘူး ထကွာ ! "

မျက်လုံး ပွင့်မလာသေးဘဲ အိပ်မက် ယောင်နေသည့် အကောင်ကို စောင့်ကန် ပစ်လိုက်ချင်သည်လ စိတ်တွေ တဖွားဖွား ။

" ဟန်လေး ... လာ ကိုကို့ဆီလာ "

"ဝုန်း ! "

"အ သေပါပြီ "

ဝဏ္ဏက အိပ်မက်ယောင်နေပြီး သူ့လက်ကို ဆွဲထူနေသော ကျွန်တော့်ကို ဆွဲချလိုက်ရာ သူ့ကိုယ်ပေါ်သို့ ပစ်ကျသွားသည် ။ အဲ့ချိန်မှ အမွှေကောင်က နိုးလာလေသည်။

Winner ? Where stories live. Discover now