38.

5.8K 506 5
                                    

Winner
Ep _ 38

ဆိုင်ကို ပြန်လာတော့ ဆိုင်ရှေ့မှာ ငုတ်တုတ်လေး ထိုင်နေသည့် ဝိုင့်ကို တွေ့လိုက်ရသည် ။ ဆိုင်က ပိတ်သွားတော့ မှောင်မဲနေသည် ။ အချိန်ကား .... ည ၂ နာရီ ။

"ဝိုင် .... "

အိပ်ငိုက်နေသည့် အချိန်တွင် နူးညံ့သော အသံလေးကြောင့် မျက်ဝန်းတွေ ဝိုင်းစက် သွားရသည် ။ ကျွန်တော် သိသားပဲ ။ ဦး သေချာပေါက် ပြန်လာမည်ဆိုတာ ။ ဆိုင်မှာ နေသည့် ဦးက ... ဒီမှာပဲ အိပ်စရာ ရှိသည်လေ ။

"ဦး ... "

"ဘာထိုင်လုပ်နေတာလဲ "

"မသိလို့ မေးနေတာလား "

"ငါပြန်မလာရင် ဘယ်လိုလုပ်မလဲ "

"လာတဲ့အထိ ထိုင်စောင့်နေမှာပေါ့ "

"မလာရင်ရော "

"ဦး ပြန်လာမယ်ဆိုတာ သိနေတယ်လေ "

ဦးက သက်ပြင်းချသည် ။ ဒီကောင်လေး လူကို အရူးလုပ်နေတာလား ။ target ဆီက အဖြေ မရမချင်း ဒီလိုနည်းနဲ့ မချစ် ချစ်အောင် လုပ်တတ်သည်လား ။

"ပြန်တော့ "

"ဦ ..... "

ဒီအချိန်ထိ တစ်နေကုန် ထိုင်စောင့်နေသော်လည်း ပြန်ရသည့် တုန့်ပြန်မှုက ဒီလောက်ပဲလား ။

ကျွန်တော်တော့ ဝဋ်လည်ပြီ ထင်ပါရဲ့ ။

"ပြန်တော့ ! "

"ဦး ကို တစ်ခု မေးမယ် အမှန်အတိုင်း ဖြေပေး "

ဦးက ဘာမှ မပြော ။ အဓိပ္ပါယ် ဖော်မရသော မျက်ဝန်းများဖြင့် အဝေးကို ငေးကြည့်နေသည် ။ ကျွန်တော့်ကို မမြင်ချင်ဘူး ထင်ပါရဲ့ ။

"ဦး ကျွန်တော့်ကို ချစ်လား "

ချစ်လားတဲ့လား ..... မေးမှ မေးရက်လေခြင်း ။ ဒီကလေး ဘာတွေ လုပ်ဖို့ ကြံစည်နေပြန်ပြီလဲ မသိ ။ ဒါက အခု target တစ်ခု အနေနဲ့ မေးနေတာလား ။

"မချစ်ဘူး "

"ထင်သားပဲ .... "

နေ ... နေပါဦး ... မျက်ရည်တွေ ဝဲနေတာလား ? ဝိုင် ဆိုတဲ့ ကလေး ကလေ !

"ဒီအတော အတွင်း အစစအရာရာ အတွက် ကျေးဇူးတင်ပါတယ် .... ဒီပွဲမှာ ကျွန်တော် ရှုံးပါတယ် ... ဒါပေမယ့် တစ်ခုတော့ သိထားပေးပါ ... ဦးက target ဆိုပေမယ့် ကျွန်တော် တကယ် ချစ်မိသွားတဲ့ နောက်ဆုံးသော target ပါ ... ကျွန်တော် ရှုံးသွားတော့  ... ရင်းလိုက်ရတာက ကျွန်တော့် နှလုံးသား တစ်ခုလုံးပဲ ... တစ်သက်လုံး winner ဖြစ်လာပြီး တကယ် ချစ်မိသူမှပဲ ရှုံးရတယ်လို့ ... ဦးဝေ နိုင်ပါတယ် .... ကျွန်တော့် နှလုံးသား တစ်ခုလုံး ဦးဝေ ပိုင်ပါတယ် ... အတင်း နှောင့်ယှက်နေမိသလို ဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ... ပြီးတော့ ချစ်ခဲ့မိပါတယ်  ကျွန်တော် သွားပြီ ဦး .."

Winner ? Where stories live. Discover now