Winner
Ep _ 39တည်ဦးဝေ တစ်ယောက် ကောင်လေးရဲ့ တိုက်ခန်းရှေ့မှာ ထိုင်စောင့်နေမိသည် ။ ဆိုင်ကနေ အိမ်ပြန်မည်ဟု ထင်ထားသော်လည်း အိမ်မှာ မရှိ ။ ည ၃ နာရီကို အိမ်မှာ ရှိမနေဘဲ ဘယ်ကို သဝေထိုးနေသည် မသိ ။
ဝိုင့် ကို တောင်းပန်ရမည် .... ကောင်လေးရဲ့ အချစ်တွေကို မမြင်နိုင်အောင် တုံးအ မိသည်ကိုလည်း နောင်တရ၍ မဆုံး ။
၂ ဦး ၂ ဖက် ချစ်နေသည်က သေချာနေပြီပဲ နောက်ထပ် ဘာတွေများ ဂရုစိုက်စရာ လိုဦးမည်နည်း ။ ဝိုင့်ကို တွေ့ရမည်ကိုပင် ရင်ခုန်နေသည် .... ဝိုင့် အချစ်ကို ရထားသဖြင့် ပို၍ ပို၍ ရင်ခုန်သည် ။
မတွေ့ရတာ နာရီပိုင်းသာ ရှိသေးသော်လည်း အရမ်း လွမ်းနေမိပြီ ။ ဒီ အသက်အရွယ် ရောက်မှ အကဲပိုနေသည်ဟု အပြောခံရရင်လည်း မတတ်နိုင် ။
ဝိုင့်ကို မြင်တာနဲ့ ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားပစ်လိုက်မည် ။ ပြီးရင် တစ်ချိန်လုံး ဝိုင့် မျက်နှာလေးကို ထိုင်ကြည့်မည် ။ အတွေးနဲ့တင် သိပ်ကို ကြည်နူးဖို့ ကောင်းနေသည် ။
"ဒါဆို မင်းက တကယ်ကြီး ချစ်တာပေါ့ "
"ဟုတ်တယ် ... မမြင်ရရင် မနေနိုင်အောင်ကို ချစ်မိသွားတာ "
"ခွီးးး ဖြစ်ရမယ် အဲ့လောက်တောင်ပဲလား "
"အဲ့ထက်တောင် ပိုသေးတယ် ... တအား တအားကို ချစ်တာ "
လှေကားမှ ကြားနေရသော အသံကြောင့် ရင်ထဲ ထိတ်သွားသည် ။ ဝိုင့်အသံ ... သေချာသည် ... ဝိုင့် အသံအစစ် ။ လှေကား တက်လာကြသော ကောင်လေး ၂ ယောက် ။ လက်ထဲမှာလည်း မုန့်ထုပ်တွေ အပြည့်ဖြင့် ... ပြီးတော့ ရယ်ရယ်မောမော .... ။
"ဝိုင် .... "
ဝဏ္ဏ နဲ့ H အကြောင်း စပ်စုနေရင်း တံခါး ရှေ့ရောက်တော့ ရုတ်တရက် မြင်လိုက်ရသည်က ဦး ။ မတ်တပ်ရပ်ပြီး ကျွန်တော့်ကို ငေးကြည့်နေသည် ။
"ဦး ...ဘယ်လိုလုပ် ဒီရောက်နေတာလဲ "
"ဝိုင် ! မင်း ... မင်းကို ယုံကြည်မိတဲ့ ငါမှားတာပဲ ...နောက်ဆုံးတော့ မင်း ပါးစပ်က ထွက်သမျှ စကားတိုင်းက အလိမ်အညာတွေပါလား ! "

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚