Winner
Ep _ 27"ဒီနေ့ ငါမရှိတုန်း ဘယ်လို ဖြစ်သွားတာလဲ "
"H ငါ့အိမ်ကိုလာတယ် "
"ဘာ ! "
"စာရှင်းပြမလို့ ဆိုပြီး "
"အဲဒီတော့ "
"စာရှင်းပြတယ် "
"အင်း ပြီးတော့ရော "
"ပြီးတော့လား "
"အေး ဘာဆက်ဖြစ်သလဲ "
"သူပြန်သွားတယ် "
"ပြန်သွားတော့ "
"ဒါဘဲလေ "
"ဟင် ! မင်းဟာကလည်း "
တကယ်တော့ ဝဏ္ဏလည်း ဘာဖြစ်သွားမှန်း မသိ ။
မနက်က ရေချိုးပြီး ထွက်လာတော့ H က စာကြည့် စားပွဲမှာ အခန့်သား ထိုင်နေသည် ။ နောက်တော့ assignment တွေ အတူလုပ်ရင်း နှစ်ယောက်သား အလုပ်ရှုပ်နေသည် ။
တစ်ချိန်လုံး လိုက်ပြီး ရန်စကာ အနှောင့်အယှက် ပေးခဲ့သော်လည်း စာလုပ်နေသည့် အချိန်တွင် H က တည်ငြိမ်နေသည် ။ အလုပ်ရှုပ်နေသည့် H ပုံစံက တကယ့် စံပြကျောင်းသား တစ်ဦး အလား ။
နောက်တော့ ကျက်ရမည့် paper တွေကို တစ်ပုဒ်ချင်း သေချာ မြန်မာလို နားလည်အောင် ရှင်းပြခဲ့သည် ။
နဖူးပေါ် ဝဲကျနေသော ဆံနွယ်များက နူးညံ့နေမည့် အသွင် ...စာအုပ်ကိုသာ အာရုံစိုက်ပြီး ကြည့်နေသည့် သူ့မျက်ဝန်းများက စူးရှသည် ။ သွယ်တန်းနေသော ခပ်နက်နက် မျက်ခုံး တစ်စုံကြောင့် ခန့်ညားမှုက အတိုင်းထက် အလွန် ။
တည်ကြည်သော စာရှင်းသံက တက္ကသိုလ်မှ ဆရာတစ်ဦး အလား ။ အရယ်အပြုံး မရှိသော မျက်နှာထားက အေးချမ်း နေပြန်သည် ။ ခါတိုင်းလို ခပ်ပေါ့ပေါ့ ပြောင်ချော်ချော် အမူအယာတွေ အစား အလေးအနက်ဖြင့် စာရှင်းပြနေပုံက ကျွန်တော် အရင်က အဝေးက မြင်ခဲ့သည့် မင်းဥာဏ်ဟိန်း၏ သွင်ပြင် အစစ် ။
ငေးကြည့်နေမိသော ကျွန်တော့် အပြုအမူကို မြင်သော်လည်း တည်တည် ငြိမ်ငြိမ်ဖြင့် စာကို အာရုံစိုက်ဖို့ ပြောပြီး ဆက်လက် ရှင်းပြသည် ။ စာတွေ ရှင်းပြပြီး သောအခါ အမေ့အား နှုတ်ဆက်ပြီး သူ့အိမ်ကို ပြန်သွားသည် ။

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚