Winner
Ep _ 44"အစ်ကို ဘာမှာမလဲ "
"ဘာမှ မမှာဘူး "
တဖက်ဝိုင်းမှာ ချစ်ရည်လူးနေသည့် နာမည်ကျော် အတွဲကို မြင်ရတာ လူကို အလိုလို စိတ်တိုစေသည် ။
"ဗျာ "
"နောက်မှ မှာမယ် "
"ဟုတ်ကဲ့ "
စားပွဲထိုး ထွက်သွားပြီး ဂိမ်းထိုင်ဆော့ နေလိုက်သည် ။ မမြင်ကွယ်ရာမှာ ထားခဲ့ပြီး အိမ်ပြန်သင့်သည်ကို ဒီမှာ ဘာထိုင်လုပ် နေမိမှန်း မသိ ။ အနည်းဆုံးတော့ ဂိမ်းဆော့နေရင် စိတ်ပြေသည် ။
"ဥာဏ် ... လွှာ့ကို တကယ် ချစ်လား "
"ချစ်တာပေါ့ လွှာရဲ့ "
"လွှာတို့ ဘယ်တော့လောက် လက်ထပ်ကြမလဲ ဥာဏ် "
"လွှာ့ သဘောလေ "
ဘာ ! လက်ထပ်မယ် ? ဆော့နေသည့် ဂိမ်းက ခဏခဏ ရှုံးနေလို့ စိတ်တိုနေပါတယ်ဆို ဘာတွေ ကြားနေမိမှန်း မသိ ။ ဘာက ဘယ်လို ဖြစ်နေမှန်း မသိပေမယ့် အဖြူကောင့် ဘေးမှာ တခြားသူ ရှိတာ မကြိုက် ။
"လွှာ့ ပါးလေးကို နမ်းရှိုက်ခွင့် ရမလား "
"ဥာဏ်ကလည်း ကန်တင်းကြီမှာ "
"ဒါဆို အပြင်သွားကြမယ်လေ "
"ပြီးရော ... ပါးလေးကိုပဲ ခွင့်ပြုမှာနော် "
"နှုတ်ခမ်းပါးလေးကို ငုံထွေးခွင့်ရော မပေးချင်ဘူးလား "
"ဥာဏ်ကလေ သိပ်ကဲ "
ကန်တင်းမှ ထွက်သွားမည့် ထိုနှစ်ဦးကို မြင်ရသည်မှာ စိတ်တွေတို လာသည် ။ ကျွန်တော့်ကို ချစ်တယ် ပြောထားပြီးတာ ဘယ်လောက်မှ မကြာသေး ... ဒါမျိုး လုပ်လို့ ရတယ်လား ?
"ဟဲ့ ဟဲ့ ဟန်လေး ! ဟိုမှာ ကြည့်ဦး "
စားပွဲဝိုင်းမှာ တစ်ယောက်တည်း ထိုင်နေသည့် ဝဏ္ဏက မင်းဥာဏ်ဟိန်းကို လက်ကို ဆွဲပြီး ပြိုင်ကား အဝါလေးထဲ ပစ်သွင်းလိုက်သည် ။ ထို့နောက် ဝူးကနဲ မောင်းပြီး ထွက်သွားလေသည် ။
"ဟဲ့ သူတို့က ဘာတွေလဲ "
"ဟုတ်ပ ဝတ်လွှာ တစ်ယောက်တည်း ကျန်ခဲ့ပြီ "

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚