Winner
Ep _ 26ကျွန်တော့်ကို နမ်းပြီး ထွက်ပြေးသွားသော ကောင်လေးကို စိတ်ဆိုးရမည် ။ သို့ပေမယ့် နှလုံးသားတစ်နေရာက ကြည်နူးနေပြီး ကျေနပ်မှု အတိပြီး နေသည် ။
မဟုတ်မှလွဲရော ...ကျွန်တော် ဒီကလေးအပေါ်ကို ... ဟာ မဖြစ်နိုင်တာ ။
နူးညံ့သော အထိအတွေ့တစ်ခု စွဲထင် ကျန်ရစ်သော နှုတ်ခမ်းပေါ်သို့ လက်မဖြင့် ထိမိသော အခါ ပြန်မြင်ယောင်မိသည်က သိပ်မကြာသေးသော မိနစ်ပိုင်းကပင် ပိုင်စိုးပိုင်နင်း အနမ်းခံလိုက်ရသည့် အခိုက်အတံ့ ။
သို့ပေမယ့် ဒီအနမ်းရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်မိရင် ရင်လေးသည် ။ ဝိုင် ကျွန်တော့်ကို ကစားချင်လို့ Target အဖြစ် သတ်မှတ်လိုက်သည်လား ။ တူတော်မောင် နှစ်ယောက်ရဲ့ သတိပေး စကားတွေက အလကား သက်သက်တော့ မဖြစ်နိုင် ။
စိတ်ရှုပ်ထွေးစွာဖြင့် ကားထဲသို့ ပြန်ဝင်ပြီး ဆိုင်သို့ မောင်းလာခဲ့သည် ။ ရှေ့ဆက်ပြီး ဘာလုပ်သင့်သည် မသိ ။ ဒီလို ကောင်ဆိုးလေးကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမည် မသိ ။ ဒီကောင်လေး စိတ်ထဲ ဘာတွေ ရှိနေသည်မသိ ။
"ကောင်းသောညပါ ဦး ... ဦးပြောဖို့ မေ့နေလို့ "
ရောက်လာသော မက်ဆေ့ကို ကြည့်ပြီး ထိန်းချုပ်ထားသည့် ကြားက နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားသည် ။
ဒီကောင်လေး လူကို ဘယ်လိုမျိုး မှော်အတတ်တွေနဲ့များ ပြုစားထားပါလိမ့် ။》》》》》》》》》
ထုံးစံအတိုင်း ဦး ဆီက ပြန်စာမလာ ။ ဦး လို ရေခဲတုံးကြီးကို အရည်ပျော်အောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်ကူမှန်း သိပါသည် ။
ဦးဆိုတဲ့ ရေခဲတုံးကြီးကို အရည်ပျော်ဖို့ ကျွန်တော့်လို ဆွဲဆောင်မှု ရှိသည့် ဝိုင် တစ်ခွက်သာ လိုပါသည် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိဖြင့် တွေးတောရင်း ကျေနပ်ပြုံး ပြုံးလိုက်ပါသည် ။
အခုတောင် ဦး နဲ့ အတော်လေး အဆင်ပြေနေပြီလေ ဟင်းဟင်း ။
"တင်းတောင် ! "
ညသန်းခေါင်ယံ အချိန်ကြီး ဘဲလ်တီးသံကြောင့် ထခုန်မတတ် လန့်သွားသည် ။ ဒီအချိန်ကြီး ဧည့်သည် လာတာမျိုးက မဖြစ်နိုင် ။ သရဲများ ခြောက်ခံရသည်လားဟု တွေးရင်း ကြက်သီးများ တဖြန်းဖြန်း ထသွားသည် ။

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚