14.

7.1K 600 0
                                    

Winner
Ep _ 14

ကားမောင်းနေသည်ကိုက ခန့်ညား နေပြန်သည် ။ လူတစ်ယောက်က ဒီလောက်ထိ ချောမောနေတာမျိုးက မဖြစ်သင့် ။ သွေးကြော စိမ်းလေးများဖြင့် ယေက်ျားပီသသည့် လက်ကို ငေးကြည့်နေရင်း အားကျလာမိသည် ။

"ဝိုင် က ဘာလို့ အဲ့လိုမျိုးတွေ လျှောက်လုပ်နေတာလဲ "

"ဟမ် ? "

ရုတ်တရက် ကျွန်တော့်ဖက် လှည့်ပြီး မေးလိုက်တော့ လန့်သွားရသည် ။

ကျွန်တော် H ကို ခိုးကြည့်နေမိသည်လား ?

"ဩော် ငယ်ငယ်တုန်းက အကြောင်းကြောင့်ပါ သူကြိုက်နေတဲ့ အစ်မကြီးက သူ့ကို ရွေးမလိုလိုနဲ့ သင်္ဘောသား အစ်ကိုကြီးနဲ့ လက်ထပ်လိုက်လို့လေ "

"အဲ့တုန်းက ဝိုင်က ငယ်သေးမှာပေါ့ "

"ဟုတ်တယ် အစ်မကြီးက ဝိုင့်ထက် ၈ နှစ်လောက် ကြီးတယ် "

"အဲ့တာနဲ့ စိတ်ပေါက်ပေါက်နဲ့ လျှောက်လုပ်နေရောလား "

"အစပိုင်းကတော့ အဲ့လိုပေါ့ ...နောက်တော့ အသည်းခွဲရတာ ကြိုက်လာရော ... အဲ့လိုတွေ လောင်းကြေးထပ်ပြီး မရရအောင် ယူရတာကို သူခုံမင်တဲ့ game တစ်ခုလို ဖြစ်သွားတာ "

"မင်းက မတားဘူးလား "

"နေပါဦး ? မင်း တကယ် ဝိုင့်ကို ကြိုက်နေတာလား "

တစ်ချိန်လုံး ပေါက်တကရတွေ ပြောပြီး စပ်ဖြီးဖြီးဖြစ်နေသည့် H က ဝိုင့် အကြောင်းမေးတော့ တည်ငြိမ်နေသည် ။

"ငါ့သူငယ်ချင်းက ကြိုက်နေတာပါကွာ ငါ့ကို တစ်ချိန်လုံး ဝိုင့် အကြောင်း လာလာပြောနေလို့ နားငြီးနေပြီ "

"ဩော် "

ခုလို စကားအကောင်း ပြောနေတော့လည်း တည်ကြည်နေပြန်သည် ။ ဟန်လေးသာ H ကို မကြိုက်ခဲ့ရင် .... ပြီးတော့ သူသာ ရိုက်ပေါက်တွေ မပြောရင် ...ကျွန်တော် သူ့ကို ကြည့်ရလောက်သည် ။

"ငါ တအားချောတာ ငါသိပေမယ့် မင်းငါ့ကို အဲ့လောက်ထိ ခိုးကြည့်နေတာကတော့ ငါ အရမ်း ရှက်တယ် ဝဏ္ဏ "

"သေလိုက် ! ရူးနေလို့ ငါက ခိုးကြည့်ရမှာလား အံ့ဩဘ "

စောနက အတွေးတွေ အကုန် ရုတ်သိမ်း ပါရစေ ။

Winner ? Where stories live. Discover now