Winner
Ep _ 11ကန်တင်းမှာ ထိုင်နေရင်း ဖုန်းကို အလုပ်ပေး ထားရသည် ။ ခုတလော target ကို ပစ်ထားမိသည်လေ ။ မက်ဆေ့တွေ အသည်းအသန်ပို့ပြီး ပြန်ချော့နေရင်း ဝဏ္ဏ ကိုကြည့်လိုက်တော့ သူ့ crush ကို ငမ်းနေလေသည် ။
"နေပါဦး နန်းသူသူဟန် နဲ့ မင်း ဘယ်တုန်းက ဘယ်လိုတွေ့ပြီး ကြိုက်သွားတာလဲ "
"Welcome နေ့ကလေ မင်းကမှ ကျောင်းမလာတာ ငါတစ်ယောက်တည်း ပျင်းနေတုန်း စင်ပေါ်ကို ကြည့်လိုက်တော့ ဟန်လေးက သီချင်းဆိုနေတာ အသံ တော်တော် ကောင်းတယ် "
"အဲ့တာနဲ့ဘဲ ကြိုက်သွားရောလို့တော့ မပြောနဲ့နော် "
"အေး အဲ့တာနဲ့ ကြိုက်သွားရော "
"ကြောင်တောင်တောင်နဲ့ "
မင်းဥာဏ်ဟိန်း ကန်တင်းထဲကို ဝင်လာတော့ ဟန်လေး မျက်ဝန်းများက ဝိုင်းစက်သွားသည် ။
"မင်း crush က H ကို တကယ်ကြီး ကြိုက်နေတဲ့ပုံနော် ဝဏ္ဏ "
"ကျစ် ! အဲ့ ကင်းကောင်ကို ဘာတွေများ ဒီလောက်ကြိုက်နေတာလဲ မသိဘူး ငါ့လောက်လည်း မချောဘဲနဲ့ "
"အေး အဲ့တာတော့ မသိဘူး မင်းရဲ့ ကင်းကောင် ဒီဝိုင်းကို လာနေတယ် ငါတော့ လစ်ပြီ သွားစရာရှိတယ် "
"ဟာ ဟေ့ကောင် ! "
မင်းဥာဏ်ဟိန်း ဝင်ထိုင်လိုက်သည်နှင့် ဝဏ္ဏ မျက်နှာက ပုတ်သိုးသွားသည် ။
ဒီကောင်လေး ကျွန်တော့်ကို တကယ်ကြီး မုန်းနေတာပါလား ....။
"ဘာလဲ အကြွေမရှိဘူး ကန်တော့ပါစေရဲ့ "
ကြည့် ပြောပုံကိုက ရိုက်သတ်ချင်စရာ !
"အလှူခံရအောင် ငါက မင်း မဟုတ်ဘူး "
"ဘာ ! မင်းသေချင်လို့လား "
"ဟောင်မနေနဲ့ ကိစ္စရှိလို့လာတာ "
"ဟောင်ရအောင် ငါကလည်း မင်းလို ခွေးမဟုတ်ဘူး "
မင်းဥာဏ်ဟိန်း အမြင်တွင်တော့ ဝဏ္ဏက အစွယ်တွေ ပေါက်လာပြီး မာန်ဖီနေသော ခွေးပေါက်စနှင့် ပိုတူလာသည် ။
"ခွီး"
"ဘာရယ်တာလဲ မင်းက လှောင်တာလား မင်းတကယ် ငါ့လက်နဲ့ တွေ့ချင်ပြီလား "

STAI LEGGENDO
Winner ?
Storie d'amoreCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚