Winner
Ep _ 16ရေချိုးပြီး ဆင်းလာသော ဝိုင့် ပုံစံက ကျော့ရှင်းပြီး သန့်ပြန့်နေသည် ။
အင်္ကျီတွေ တအားကြီးနေတာလေး တစ်ခုဘဲ ...!
"လာ ထိုင် မနက်စာ စားသွား "
စားပွဲပေါ်ကို ကော်ဖီ ခွက်တွေနှင့် ထမင်းကြော်ပန်းကန်ကို ချပေးနေသည့် ဦး က မသိရင် ကိုယ်တိုင်ကြော်ထား သကဲ့သို့ ။
"ကျွန်တော် ဘယ်တော့မှ မနက် အစောကြီး မစားတတ်ဘူး "
မီးဖိုချောင် ဝင်လေ့မရှိသော်လည်း ဝိုင် ဗိုက်ဆာနေမှာ စိုးလို့ အစောကြီး ပြင်ဆင် ထားခဲ့သည် ။ ဒါကို ဒီကောင်လေးက မစားချင် ။
"မရဘူး မစားရင် မသွားရဘူး "
"ဟာဗျာ ဦးကလည်း "
"ထိုင် "
"ကျွန်တော်က နွားနို့ ကြိုက်တာ "
"ခဏစောင့် "
ကော်ဖီခွက်ကို ချက်ချင်း ယူသွားပြီး မီးဖိုခန်ထဲ ပြန်ဝင်သွားသည် ။ ခဏကြာတော့ နွားနို့အပြည့်ထည့် ထားသည့် ဖန်ခွက်ကို ကိုင်ပြီး ပြန်ထွက်လာသည် ။
"ဟာ ချိုလိုက်တာ "
ကိုယ့်ဘာသာ ခပ်တိုးတိုး ပါးစပ်က ရုတ်တရက် ရေရွတ်မိသော်လည်း တစ်ချိန်လုံး လိုက်ကြည့်နေသည့် ဦး က ကြားဖြစ်အောင် ကြားသွားသည် ။
"အချို မကြိုက်ဘူးလား ဒီလိုမှန်းသိ သကြားတွေ မထည့်လိုက်ပါဘူး ခဏလေး "
"ဟို ရတယ် ဦး .... ဦး ! "
ပြောလို့ပင်မဆုံးသေး မီးဖိုခန်းထဲ ဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာကာ နောက်ထပ် နွားနို့ တစ်ခွက်ကို ကျွန်တော့် ရှေ့၌ ခပ်ဖြည်းဖြည်း ချပေးသည် ။
"အဆင်ပြေလား "
"ကောင်းတယ် စိမ့်စိမ့်လေး "
ဆရာမဆီက ချီးကျုးခံလိုက်ရသော ကလေးငယ် တစ်ယောက်လို ပြုံးလိုက်သည့် ဦး ။
"ဒါနဲ့ ကျွန်တော့် ဘေဘီရော "
"ဘေဘီ ? "
"ကျွန်တော့် ကား "
"ဘယ်သိမလဲ မင်းရပ်ထားခဲ့တဲ့ နေရာမှာ ရှိမှာပေါ့ ငါမင်းကို တွေ့တာ ကန်ဘောင်ပေါ်မှာ ဟိုကောင်တွေ ဝိုင်းကန်နေတဲ့ အချိန်လေ "

أنت تقرأ
Winner ?
عاطفيةCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚