Winner
Ep _ 13ဝဏ္ဏ ဖုန်းဆက်ထားသဖြင့် ကျောင်းကို ပြန်ရောက်နေသည် ။ အချိန်နောက်ကျ နေသဖြင့် လိုက်ပို့ပေးပါဟု သူငယ်ချင်း အရင်းကြီးက တောင်းဆိုလေတော့ ဝိုင် လည်း ဟောခန်းသို့ ခြေလှမ်း ပြင်ရသည် ။
"လျှောက်တော့ "
စင်ပေါ်ကို လမ်းကြည့်လိုက်တော့ H ရဲ့ လက်မောင်းကို တွဲပြီး တောင့်တောင့်ကြီး လျှောက်လာသည့် ဝဏ္ဏ ။
"ခွီး ! "
ဝဏ္ဏက အရပ်ရှည်သည်မို့ ပုခုံးချင်း ယှဉ်လျှောက်တော့ H နဲ့ မတိမ်းမယိမ်း ။
ဒါ့အပြင် မိန်းကလေးလို မဝတ်ထားတော့ မြင်ရသည်မှာ ....တကယ့် Gay couple တွေရဲ့ marriage အတိုင်း ။စိတ်ရှုပ်နေသည့် ဝဏ္ဏ မျက်နှာကြီးက ရယ်ချင်စရာဖြစ်နေသည် ။ မသိရင် မချစ် မနှစ်သက်သော သူကို မိဘတွေက အတင်း ပေးစားထားသဖြင့် ယူလိုက်ရသလိုလို ။
ဝိုင့် အတွေးတွေသာ ဝဏ္ဏ သိရင် ဆဲခံလိုက်ရမည့် ဖြစ်ခြင်း ။ ဝဏ္ဏ က H ကို နည်းနည်းလေးမှ ကြည့်ရသည်မဟုတ် ။
" ခံစမ်း ! ငါ့တုန်းက အတင်းတွေ လိုက်ခိုင်းထားပြီးတော့ "
စင်ပေါ်က ဝဏ္ဏက ဝိုင့်ရဲ့ ပြုံးစိစိ မျက်နှာပေးကို မြင်တော့ မျက်စောင်း လှမ်းထိုးသည် ။
ဘေးကနေ သူ့ကို တစ်ချိန်လုံး ငေးကြည့်နေသည့် H က မြင်တော့ ထရယ်လေသည် ။
》》》》》》》》
"ပြီးပြီလား မင်းရဲ့ Wedding ? "
"သူတောင်းစား !! "
"မဆဲနဲ့ဦး ဟိုမှာ မင်းရဲ့ သတို့သားလောင်း လာနေပြီ "
"ဘာ ! "
မင်းဥာဏ်ဟိန်းက ပြုံးစိစိဖြင့် ။
"ပြန်တော့မလို့လား "
"မင်းနဲ့ဘာဆိုင်လဲ "
"လိုက်ပို့ပေးရမလား "
"မလိုဘူး "
"ငါမင်းနဲ့ လမ်းကြုံတယ်လေ ဝိုင့် အိမ်နဲ့ဆို ဆန့်ကျင်ဖက်ဖြစ်နေမှာပေါ့ "
"ဩော် ဝိုင့် ကို စိတ်ပူနေတာလား "
"ဘာလဲ မင်းက သဝန်တိုနေတာလား ဝဏ္ဏ"

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚