10.

8.1K 700 0
                                    

Winner ?
Ep _ 10

စဉ်းစားနေရင်း လျှာသပ်မိတော့ စပျစ်ဝိုင် အရသာက စူးကနဲ ။ မတော်တဆ နှုတ်ခမ်းချင်း ထိမိသည့် အခိုက်အတံ့က မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း ။

ဝိုင် ဆိုသည့် ကောင်လေးက တွေ့လိုက်တိုင်း အလန့်တကြားဖြင့် လူကို ရင်ခုန်အောင် လုပ်နိုင်လွန်းသည် ။

"သွားကြမယ်လေ လှေကားမှာ တော်တော်ကြာနေပြီ "

"ဒါနဲ့ ဦး က ဒီနေ့ ဆိုင်မဖွင့်ဘူးလား "

"လက်ထောက်နဲ့ လွှဲခဲ့တယ် "

"ကျွန်တော်တောင် အစက လာမလို့ ဒယ်ဒီအတင်းခေါ်လို့ ဒီပွဲကို ပါလာတာ "

"အင်း

ရင်ထဲမှာ ဝုန်းဒိုင်းကြဲအောင် အလန့်တကြား ဖြစ်နေသော်လည်း ခပ်တည်တည်ဖြင့် ခန်းမထဲကို ပြန်ဝင်လာခဲ့သည် ။ ရင်တွေ ခုန်လွန်းလို့ သေတော့မည် ။

သွားပါပြီ ကျွန်တော့်ရဲ့ first kiss လေး ။

ဘယ်လိုဘဲ မတော်တဆ တိုက်မိတယ်ဘဲ ပြောပြော ကျွန်တော့်ရဲ့ ပထမဆုံး အနမ်းလေး ။ အရေးထဲ အလိုက်ကမ်းဆိုးမသိ ရင်တွေက တဒုံးဒုံး ခုန်နေသေးသည် ။ မဖြစ်သင့်တာ ။

ကျွန်တော်က ဒီဦးလေးကြီးကို ရင်ခုန်စရာလား ရူးနေတာမှ မဟုတ်တာ !

တစ်ယောက်တည်း တွေးရင်း ဖြတ်ကနဲ ခိုးကြည့်လိုက်သည် ။

မြင့်မားသည့် အရပ် ... ယောက်ျားပီသသည့် body structure .... ချောမောသည့် မျက်နှာ ...ဆွဲဆောင်မှု ရှိသည့် ဆံပင်ပုံစံ .... သပ်ရပ်ပြီး ခန့်ညားသည့် ဝတ်စားဆင်ယန်မှု ....တော်ဝင်ဆန်သည့် ဟန်ပန်အမူအယာ ....
အရာရာပြီးပြည့်စုံနေပြီး ပုံမှန် လူငယ်များထက်ပင် ငယ်ရွယ် နုပျိုနေသေးသည် ။

ဘေးတိုက် မြင်နေရတာတောင် ကြည့်ကောင်းသည် ။

ဟာ ငါဘာတွေတွေးမိနေတာလဲ !!

"သား ဘယ်သွားနေတာလဲ ကြာလိုက်တာ "

ဒယ်ဒီ့အသံကြားတော့မှ ဦး ဆီက အကြည့် လွှဲလိုက်သည် ။ ဒယ်ဒီ့ ဆီကို လျှောက်သွားတော့ ဒယ်ဒီက ပြုံးရွှင်ပြီး ဝမ်းသာအားရ ကြိုဆိုနေသည် ။

Winner ? Where stories live. Discover now