Winner
Ep _ 35ဝဏ္ဏ နိုးလာတော့ H က ဆွေ့ကနဲ ကုတင်ပေါ် ရောက်လာသည် ။
"နိုးပြီလား "
"အေး "
"အမေရော "
"အမေနဲ့ လမ်းထိပ်မှာ တွေ့ခဲ့တယ် အမေ အလုပ်ကိစ္စရှိလို့ အပြင်သွားမလို့တဲ့ "
H က အန်တီ့ကို အမေလို့တောင် ခေါ်နေပြီ !
ကြည့်စမ်း ... ကျွန်တော် ဦး ဆီ ရောက်နေတဲ့ အချိန်လေးမှာ ဒင်းက ပိုင်စိုးပိုင်နင်းနဲ့ ။"ဘာ !!! "
"လန့်လိုက်တာ ဝိုင်ရာ "
အနားကနေ ကပ်ပြီး ဝိုင် တစ်ယောက် ထအော်လို့ ဝဏ္ဏ လိပ်ပြာလန့်မတတ် ဖြစ်သွားသည် ။
"မင်းက ဘာလို့ အမေလို့ ခေါ်တာလဲ ငါတောင် မခေါ်ဘူး "
"သူငယ်ချင်း အမေက ကိုယ့်အမေပဲလေ "
"မင်းက ဘာလို့ ဝဏ္ဏ သူငယ်ချင်းလဲ ! "
"မယုံမေးကြည့် ဟုတ်တယ်နော် ဝဏ္ဏ "
"မင်းငါနဲ့ H နဲ့ ဘယ်သူ့ပိုခင်လဲ ဝဏ္ဏ "
အိပ်ရေးမဝရသည့် ကြားထဲ ဘာတွေ ဖြစ်နေကြမှန်း မသိ ။ ၂ ကောင်လုံးကို ဂုတ်ကဆွဲပြီး မောင်းထုတ်ရမလား ? ခြေထောက်နဲ့ပဲ ကန်ချရင် ကောင်းမလား တွေးနေလိုက်သည် ။
"ငါမဟုတ်လား "
"တော်ပါ ငါပဲဖြစ်ရမှာ ငါနဲ့ အရင်ခင်တာ "
"ခင်မင်မှုမှ အချိန်စောတာ နောက်ကျတာ မရှိဘူး "
"ငါက ငယ်ပေါင်း "
"ဘာပဲဖြစ်ဖြစ် ငါက ..."
ဝဏ္ဏ ဆက်ပြီး သည်းမခံနိုင်တော့ ။
"တိတ်ကြ ! ၂ ကောင်လုံး ထွက်သွားစမ်း ငါနားတွေ တအားငြီးတယ် အိပ်ရေးမဝဘူး ပြန်အိပ်လိုက်ဦးမယ် "
ပြန်အိပ်မလို့ကို ၂ ယောက်သား အိပ်မရအောင် ဆွဲထူကြသည် ။
"မရဘူး အရင်ဖြေ "
"မအိပ်နဲ့ သွားစရာရှိတယ် "
"မသွားရဘူး ငါနဲ့နေ "
"ငါတို့က အလုပ်ကိစ္စနဲ့သွားမှာ မင်းနဲ့ မဆိုင်ဘူး "
"မရဘူး ဝဏ္ဏကို ငါပိုင်တယ် "

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚