Winner
Ep _ 22ဝိုင့် ကို အိမ်လိုက်ပို့ပေးပြီး ပြန်ရောက်တော့ ဆိုင်ထဲမှာ တူတော်မောင် နှစ်ကောင်က အခန့်သား ထိုင်နေလေသည် ။ ကျွန်တော့်ကို တွေ့သည်နှင့် နှစ်ယောက်သား စူးစိုက်ပြီး ကြည့်နေသည်မှာ မေးခွန်းတွေ မေးလိုဟန်ဖြင့် ။
"ဘယ်က ပြန်လာတာလဲ "
သန့်စင်က သူ့ကိုယ်သူ လူမိုက်ဂိုဏ်းဆောင် ပုံစံဖြင့် လက်ကို နောက်ပစ်ရင်း မေးလိုက်သည် ။ မင်းယံကပါ အားကျမခံ ဆရာကြီး စတိုင်ဖြင့်လက်ကို ပိုက်ထားပြီး မေးကို မော့ကာ စကား စ ပြောသည် ။
"မေးစရာလိုသေးလို့လား သန့်စင်ရာ ဝိုင့် ကို လိုက်ပို့လာတာ နေမှာပေါ့ "
သူတို့ နှစ်ယောက်ရဲ့ အလယ်တွင် စားပွဲထိုးလေးက ခေါင်းကို ငုံ့ထားပြီး ခပ်ရို့ရို့လေး ရပ်နေသည် ။ အနည်းငယ်ပင် တုန်ယင်နေပြီ ထင်သည် ။
"အန်ကယ်လေး ! "
မည်သည့်စကားကိုမှ ပြန်မဖြေဘဲ ခုံတစ်ခုံ ဆွဲယူကာ ရေသန့်ဗူးကို ကောက်ကိုင်ပြီး ရေခဲခွက်ထဲသို့ လောင်းထည့်လိုက်သည် ။
ပြီးတော့မှ အင်မတန် တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည် ။"မင်းနှစ်ကောင် ရုပ်ရှင်ရိုက်နေတာတွေ ရပ်တော့ ငါပင်ပန်းနေပြီ "
သန့်စင်က စူပုတ်သွားသလို ညီမင်းယံက နှုတ်ခမ်းဆူပြီး နှစ်ယောက်သား ခုံမှာ ဝင်ထိုင်ကြသည် ။ ဒီနှစ်ယောက်က မသိရင် အမြွှာညီအစ်အကိုတွေနှင့် တူနေသည် ။
"အန်ကယ်လေး ဝိုင် နဲ့ မပက်သတ်နဲ့ ဆိုနေ "
သန့်စင်က စူပုတ်ပုတ်မျက်နှာဖြင့် ခပ်ချွဲချွဲ ပြောလာသဖြင့် ဆောင့်ကန်ချင်စိတ်ကို မနည်းထိန်းထားရသည် ။
"ရွံစရာတွေ လုပ်ပြမနေနဲ့ ချစ်ဖို့ကောင်းတယ်လို့ မြင်ရအောင် ငါသည် နေမင်းထက်သာ မဟုတ် ! "
"ဟာဗျာ အန်ကယ်လေးကလည်း "
သန့်စင်က ပါးစပ်ပိတ်သွားတော့ ညီမင်းယံက ဘန်းကနဲ စားပွဲခုံကို ရိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် ။
"အန်ကယ်လေး ! အဲ့ကောင်လေး အကြောင်း ဘယ်လောက်သိလို့လဲ သူက တအား ရည်းစားများတာ အန်ကယ်လေး ကို နာကျင်အောင် လုပ်မယ့်သူမျိုးကို ကျွန်တော် သဘောမတူနိုင်ဘူး "

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚