Winner
Ep _ 25ဆိုင်ရှေ့ရောက်သည်နှင့် ကားရပ်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ ၈ နာရီ ။ ဝိုင့် ကို အိမ်လိုက်ပို့ပေးခြင်း မဟုတ် ...။
~■ Magic Land ■~
ကျွန်တော့် ဆိုင်ကို ခေါ်လာခြင်း ဖြစ်သည် ။
ဆိုင်ပိတ်ထားသည်မို့ အရင်ဆုံး ထွက်ပြီး တံခါးအရင်ဖွင့်ကာ ခပ်မှိန်မှိန် မီးတွေကို ရွေးပြီး ဖွင့်လိုက်သည် ။ နောက်တော့မှ ကားထဲက ဝိုင့် ကို ပွေ့ချီပြီး အပေါ်ထပ် အခန်းကို ခေါ်သွားလိုက်သည် ။ခရမ်းရောင် ကမ္ဘာငယ်လေးထဲ ရောက်တော့
ဝိုင့်ကို အိပ်ယာထက်သို့ ငြင်သာစွာ လှဲစေလိုက်သည် ။ နိုးသွားမည် စိုးရိမ်သော်လည်း ဘီယာခပ်ပြင်းပြင်း အနံ့က ဝိုင့် အနားပင် မကပ်နိုင်အောင်
ထောင်းထောင်း ထနေသည် ။ငမူးလေးကို စောင်အပါးလေး တစ်ထည် ခြုံပေးပြီး အဲယားကွန်းကို အအေးလျော့ပြီး ဖွင့်ကာ အောက်ထပ်သို့ ဆင်းလာပြီး မီးဖိုခန်းထဲသို့ ဝင်ရပြန်သည် ။
》》》》》》》》
"ဝိုင် .... "
"ကောင်လေး ..."
ဝိုင့်ကို တစ်ယောက်ယောက်က ခေါ်နေသံကို ကြားရသည် ... ဦး အသံဖြင့် ခပ်ဆင်ဆင် ။
"ဝိုင် ထတော့ "
မျက်ခွံတွေက လေးနေပြီး ခေါင်းထဲ မူးနောက်နေသည်မို့ မနည်း အာရုံစိုက်ပြီး မော့ကြည့်နေရသည် ။
"ဦး ? "
အမူးသမားလေးက စောင်ပုံကြားက ခေါင်းလေးထွက်လာပြီး မျက်လုံးတွေ ပွတ်ကာ မော့ကြည့်လေသည် ။ နှုတ်ခမ်းပါးလေး လှုပ်ရုံ ခပ်တိုးတိုး ခေါ်လိုက်သော အသံလေးက မယုံကြည်နိုင်သည့် အံ့ဩမှုများဖြင့် ။
"တကယ်ကြီး ဦး ရောက်နေတာလား "
မတ်တပ်ရပ်ပြီး ကျွန်တော့်ကို ကြောင်ကြည့်နေရင်းက တဖြည်းဖြည်း အနားကပ်လာပြီး လက်ညှိုးဖြင့် ပါးကို လာတို့သည် ။ တိတ်ဆိတ်နေသော အခန်းတွင်း၌ နှလုံးခုန်သံများသာ ကျယ်လောင်စွာ ထွက်ပေါ်နေသည် ။
ဝိုင့် လက်ကလေးက မဖယ်ပေးသေး ... ဒါ့ပြင် နီးကပ်လွန်းသည့် အခြေအနေကြောင့် ဝိုင့် ရဲ့ ခပ်ပါးပါး နှုတ်ခမ်းပေါ်က မှည့်နက် သေးသေးလေးကို ၅ လက်မလောက် အကွာတွင် မြင်နေရသည် ။

ESTÁS LEYENDO
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚