Winner
Ep _ 15"ကောင်လေး .... ကောင်လေး ... ဝိုင် .... "
အိပ်ယာပေါ်တွင် မူးပြီး အိပ်ပျော်နေသော် ကောင်လေးကို နှိုးလိုက်တော့ အိပ်ချင်မူးတူးဖြင့် မျက်လုံးလေး ပွတ်ကာ ထထိုင်သည် ။
"ဦး ..."
စားပွဲပေါ် တင်ထားသည့် ကြက်သား စွတ်ပြုတ် ပန်းကန်ကို မယူပြီး ခပ်ဖြည်းဖြည်း မွှေလိုက်သည် ။
"ဒါလေး အရင် စားလိုက်ပြီးရင် ဆေးတွေ သောက်ရမယ် ဆေးလည်း လိမ်းရမယ် "
"ဗျာ "
အငွေ့တထောင်းထောင်း ထနေသော စွတ်ပြုတ် ပန်းကန်က ချက်ချင်း ယူစားချင်လောက်အောင် အနံ့ကလည်း မွှေးပျံ့နေသည် ။ ဦး က ပန်းကန် ကိုင်ရင်း မွှေနေတာ တော်တော်ကြာပြီ ။ စားဖို့ စောင့်နေရတာ စိတ်ကမရှည်တော့ ။
"ဦး ! ကျွန်တော် ဒီတစ်သက် စားရဦးမှာလား "
"Huh ? ပူနေသေးတယ်လေ မင်းလျှာ ကျက်သွားလိမ့်မယ် "
"ကိစ္စမရှိဘူး ကျွန်တော်က အကင်တွေတို့ ခေါက်ဆွဲပြုတ်တို့ဆို မီးဖိုပေါ်က ချချချင်း စားနေကြ "
"မစားနဲ့ အဲ့တာမကောင်းဘူး "
"ဟာဗျာ "
အချိန်အတော်ကြာ မွှေလို့ပြီးမှ စွတ်ပြုတ် ပန်းကန် လက်ထဲရောက်သည် ။ အနည်းငယ်တော့ နွေးနွေးလေး ဖြစ်နေသေးသည် ။ အရသာကတော့ ပြောစရာပင်လိုမည်မထင် ။ ဦး တို့ ဆိုင်က chef တွေ တော်တော်လည်း အရည်အချင်း ရှိသည် ။
"ရော့ ဒီဆေးတွေသောက် "
"ဟုတ် "
အပိုးကျိုးနေသော ကောင်လေးကို ကြည့်ပြီး နည်းနည်းတော့ ကျေနပ်မိသည် ။ ပြောရ ဆိုရ ခက်မည် ထင်ထားခဲ့သည်လေ ။
"အင်္ကျီချွတ် "
"ဗျာ ! ဘာလုပ်မလို့လဲ ဦး ? "
"ဆေးလိမ်းရမယ်လေ "
"အာ ဟုတ်သား "
အနက်ရောင် ရှပ်အင်္ကျီကို ကြယ်သီးတွေ တစ်လုံးချင်း ဖြုတ်နေသည် ။ အဝတ်မဲ့ သွားတော့ မဝံ့မရဲ မော့ကြည့်လာသည့် ကောင်ငယ်လေး ။ ဖြူလွှလွှ ခပ်ပါးပါး ခန္ဓာကိုယ်လေးက အားမရှိ သလိုလို ။

VOCÊ ESTÁ LENDO
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚