Winner ?
Ep _ 3"ဝိုင် ဘယ်လဲ "
"အိမ်သာ "
အိမ်သာထဲ ရောက်တော့ မင်းဥာဏ်ဟိန်းက ပြန်ထွက်သွားတော့မည် ။ ဝိုင့် ဘေးနား ဖြတ်သွားသည့် အချိန် ဝိုင် က အောက်က ရေတွေနဲ့ ချောနေတာကြောင့် ချော်လဲချင်ယောင် ဆောင်လိုက်သည် ။
"ဘုန်း "
"Shit ! နာလိုက်တာ "
ဇာတ်လမ်းတွေထဲက နည်းသုံးလိုက်တာ အဆင်မပြေ ။ မင်းသားတွေလို လှမ်းပွေ့ပေးမယ် မရှိ ။ ပစ်စလက်ခက် ဘုန်းခနဲ လဲကျသည် ။ မင်းဥာဏ်ဟိန်း ပြုံးလိုက်မိသည်ကိုတော့ ဝိုင် မမြင် ။
"ရရဲ့လား "
ဩော် ထူတော့ ထူပေးရှာသား ။ ဒင်းကို အမြင်ကတ်နေပေမယ့် ဒင်းက target ဖြစ်သည်မို့ စိတ်တိုနေသည့်အသွင်ကို ၃ စက္ကန့်အတွင်း ဖျောက်ပြီး ပြုံးပြလိုက်ရသည် ။
"အင်း ကျေးဇူး "
လှမ်းမဖမ်းပေးလို့ စိတ်တိုနေသည့် ကောင်လေးက ချက်ချင်း ပြုံးပြပြီး ကျေးဇူး လို့ ပြောတာမို့ မင်းဥာဏ်ဟိန်း ပြုံးမိပြန်သည် ။
"သတိထားမှပေါ့ ဝိုင် ရာ "
တမင်လုပ်ပါတယ်ဆို လာပြီး သတိထား ခိုင်းနေသည် ။ wait ? ဝိုင် ? ဝိုင်လို့ ခေါ်လိုက်တာလား !
"ငါ့ကို သိတယ် ? "
"ဒီကျောင်းမှာ မင်းကို မသိတဲ့သူ ရှိသေးလို့လား "
ရုတ်တရက် ပါးတွေရဲသွားပြီး ခေါင်းငုံ့ သွားသည့် ကောင်လေးကြောင့် မင်းဥာဏ်ဟိန်း ထပ်ပြုံးလိုက်ပြန်သည် ။
"အာ "
ရှက်ရှက်နဲ့ ခေါင်းငုံ့သွားမိသည် ။ ပြီးတော့မှ target ဆိုတာ ပြန်သတိရပြီး ခပ်တည်တည်နဲ့ ပြန်မော့ပြီး အင်မတန်မှ ဆွဲဆောင်မှုရှိသည့် အပြုံးကို ပြုံးကာ ခပ်စူးစူး စိုက်ကြည့်ပေးလိုက်သည် ။
" haha သွားပြီ "
၅ စက္ကန့်လောက် စိုက်ကြည့်နေမိချိန် target ဆီက ခပ်ဟဟ ရယ်သံလေးနှင့် အတူ ခေါင်းကိုဖွပြီး နှုတ်ဆက်သံကြားမှ သတိ ပြန်ဝင်လာသည် ။
"ဟမ် အင်း "
အူကြောင်ကြောင်နဲ့ ပြန်ဖြေလိုက်မိသည် ။

أنت تقرأ
Winner ?
عاطفيةCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚