31.

5.8K 493 1
                                    

Winner
Ep _ 31

ဝဏ္ဏ ရင်ခွင်ထဲက ရုန်းကြည့်သည် ...မရ ။
တမင်တကာ အစောကြီး ထွက်လာခဲ့သည်မို့ အချိန်ရသည် ။ နှိုးမရမည့် အတူတူ အိပ်နေလိုက်တာ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည် ။ ညကလည်း နောက်ကျမှ အိပ်ဖြစ်သည်မို့ အိပ်ရေး မဝ ။

"ဝဏ္ဏ ... မင်းကို နှိုးတယ်နော် မင်းမနိုးတာ  .နိုးလာမှ ပွစိပွစိ မပြောနဲ့ "

ကိုယ်တော်ချောက ဟောက်တောင် အိပ်နေလိုက်သေးသည် ။ ဝဏ္ဏ အပေါ် ရောက်နေသော်လည်း ထွေထွေထူးထူးတော့ အဆင်မပြေတာ မရှိ ။

တစ်ခုပဲ ...အာပုတ်နံ့ ..သွားရည် တမြားမြားဖြင့် အာပုတ်နံ့က တော်တော် ဆိုးသည် ။

"ပန်းစွယ်တော်နေ့မို့ အပီအပြင် ရှိုးထုတ်လာတာကို ခုတော့ မင်းကြောင့် ငါပါ နံကုန်ပြီ အမွှေကောင် "

စိတ်တော့လည်း မဆိုးမိ ။ ကိုယ်တိုင်လည်း အိပ်ရေးမဝသေးသည်မို့ မျက်လုံးတွေက မှေးစင်းလာသည် ။ အချိန်မှီ မနိုးရင်လည်း မသွားတော့ဘူးဟု တွေးလိုက်သည် ။ နောက်နေ့မှ စီနီယာတွေကို အားနာနာဖြင့် တောင်းပန်လိုက်တော့မည် ။

》》》》》》》》

"တီတီ ... တီတီ "

အိပ်ကောင်းနေချိန်တွင် ဆိုးရွားလှသော နှိုးစက်သံက ကျယ်လောင်စွာ ပေါ်ထွက်လာသည် ။ ဖုန်းကို ယူပြီး ၅ မိနစ် တစ်ခါ ပေးထားသော alarm အားလုံးကို ပိတ်ချလိုက်သည် ။

အိပ်ချင်မူးတူးဖြင့် စောင်ကြီးပတ်ပြီး ပြန်ခွေနေလိုက်သည် ။ ဒီနေ့က ပန်းစွယ်တော်နေ့ ... ကျောင်းဖွင့်သော်လည်း အတန်းမရှိ ။ ဘာပွဲမှ မပါသော ဝိုင့် လို လူမျိုး အတွက်က ပွဲနေ့တွေသည် အနားယူလို့ အကောင်းဆုံး နေ့ရက်များ ဖြစ်သည် ။

" Long nights daydreams
Sugar and smoke rings
I’ve been a fool
But strawberries and cigarettes
Always taste like you ...."

အိပ်ကောင်းနေပြီ ဆိုလျှင် အနှောင့်အယှက်က သိပ်များသည် ။ သို့ပေမယ့် သီးသန့် Ringtone သံကြောင့် နှုတ်ခမ်းပါးလေးတွေ ကွေးသွားသည်အထိ ပြုံးလိုက်မိသည် ။

"ဦး ...ပြော "

"အိပ်နေတာလား "

"အင်း "

Winner ? Where stories live. Discover now