Winner ?
Ep _ 7ကျွန်တော့် ဆိုင်ထဲ ရန်လာဖြစ်နေသည့် ချာတိတ်တွေကို ဝင်ပြောမယ် ကြံကာ ရှိသေး ကောင်လေးတစ်ယောက်က အတွန်းခံလိုက်ရသည် ။ မနေနိုင်ဘဲ လှမ်းထိန်းလိုက်သည် ။ ကျွန်တော်သာ မဆွဲလိုက်ရင် နံရံနဲ့ သွားဆောင့်တော့မည် ။
မော့ကြည့်လာသော ကောင်လေးက ....လှလွန်းသည် ။ ယောက်ျားလေး တစ်ယောက်ဖြစ်သော်လည်း လှသည် ။ နှုတ်ခမ်းထက်က မှည့်လေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းနေသည် ။
နီရဲနေသော နှုတ်ခမ်းတစ်စုံက ထွေးငုံချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိသည် ။ နှုတ်ခမ်းဖျားထက်တွင် စိုစွတ်နေသည့် ဝိုင် စက်ကလေးများကြောင့် ခပ်စူးစူး ဝိုင်နံ့က သင်းထွက်နေသည် ။
"Shit ! "
ခပ်တိုးတိုး ဆဲသံထွက်လာတော့မှ မျက်မှောင် ကြုံ့ကြည့်ရင်း လွှတ်ပေးလိုက်သည် ။
"မင်းငါ့ကို ဆဲတာလား ကောင်လေး "
"Humm ? မဟုတ်ပါဘူး ကျွန်တော့်ဘာသာ ဆဲတာပါ ဦး "
ကျွန်တော့်ထက် အသက်ကြီးမယ် ထင်လို့ ဦး ခေါ်လိုက်ရသော်လည်း လူကြီးက ခန့်ညားလွန်းသည် ။ ကျွန်တော် ကဲ့သို့ပင် အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ထားသော်လည်း ဒီလူကြီး ဝတ်ထားသည်က ထူးထူးခြားခြား ကြည့်ကောင်းနေသည် ။ အရပ်ရှည်လို့ များလား ...။
"ကောင်လေး မင်းပြသနာရှာလိုက်ပြီ "
"ခေါင်းမကွဲလောက်ပါဘူးဗျ ကျွန်တော့် လက်စကို ကျွန်တော်သိပါတယ် အားသိပ် မသုံးထားဘူး "
ပြောနေသည့် ပုံစံကိုက မသိရင် အားတိုင်း ရန်ဖြစ်နေသည့် အချိုးမျိုး ။ ရန်ဖြစ်နေကြမို့ အေးဆေး ဆိုသည့် မျက်နှာပေးဖြင့် ။
"ပြီးရော ငါ့ဆိုင်မှာ ပြသနာ မရှာနဲ့ "
"ကျွန်တော် မရှာပါဘူး မယုံရင် cctv ပြန်ကြည့်လို့ရတယ် ဦး "
"အင်းပါ ကဲ မင်းတို့ ပြသနာတွေ ရှင်းလို့ ပြီးမှ ငါ့ဆိုင်ကို ပြန်လာခဲ့ ခုတော့ အကုန် လစ်တော့ "
"ဟာဗျာ ကျွန်တော် သောက်နေတာ မပြီးသေးဘူး ခုမှ ရီဝေဝေလေး ဖြစ်တုန်း ရှိသေးတယ် "

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚