အခန်း(၄)

26.1K 3.9K 81
                                    

[Zawgyi]

{ပထမဆုံးတွေ့ဆုံမှု}

သွမ့်ရုံရှင်းတစ်ယောက် အပင်ပေါ်ကနေ ခြေကားယားလက်ကားယားနဲ့ ပြုတ်ကျလာ၏။ လင်းမိုကတော့ ကူကယ်ရာမဲ့စွာပြုတ်ကျလာသူကို မမြင်ချင်ယောင်ဆောင်ရင်းသာ အေးဆေးစွာလျှောက်လှမ်းလာ၏။

"ဘုန်း!!!" ဆိုတဲ့အသံကတော့ သွမ့်ရုံရှင်းမြေကြီးနဲ့မိတ်ဆက်မိသွားတဲ့ အသံဖြစ်ပြီး "အား!!!" ခနဲအော်လိုက်သံကတော့ သွမ့်ရုံရှင်းဆီကထွက်ပေါ်လာခြင်းဖြစ်၏။ သွမ့်ရုံရှင်း ချက်ချင်းထရပ်ဖို့ပြင်ပေမယ့် အမြင့်ကပြုတ်ကျပြီး တော်တော်အထိနာသွားတာကြောင့် မထနိုင်ပေ။

"အားရိုးရိုး!! ငါ့ခါး.."

တော်ပြီ။ နောက်တစ်ခါ ဘယ်သစ်ပင်ပေါ်မှ ခြေဆော့လက်ဆော့လုပ်ပြီးမတက်တော့ဘူး။

ထဖို့ပြင်လိုက်တိုင်း နာလွန်းလို့သူ့မှာ အော်နေရုံသာ တတ်နိုင်သည်။ တမင်တကာ မမြင်ချင်ယောင်ဆောင်ပြီး လျှောက်လာတဲ့ လင်းမိုရဲ့အရိပ်အကဲကိုလည်း ကြည့်ဖို့မမေ့။

'သားလေးရေ!! မင်းဖေဖေဒုက္ခရောက်နေတာကို ဒီလိုပဲမမြင်ချင်ယောင်ဆောင်နေတော့မှာလားလို့!'

ခဏအကြာတွင် လင်းမို အပင်အောက်ရောက်လာသည်။ သွမ့်ရုံရှင်းထင်လိုက်တာက သူ့ကိုကူညီမှာပဲလို့။ အဲ့ဒီမျက်နှာသေနဲ့ ခံစားချက်မရှိတဲ့ ကိုယ်တော်က မျက်နှာလွှဲခဲပစ်လုပ်ပြီး မမြင်ချင်ယောင်ဆောင် ကျော်ခွသွားမယ်လို့ ဘယ်သူသိမှာလဲ။ တကယ်ကို နှလုံးသားမရှိတဲ့သားသားလေးပါပဲ။

သို့ပေသည့် သွမ့်ရုံရှင်းသည်လည်း အချဉ်တော့မဟုတ်။ သူ့အားကျော်ခွရန်ပြင်နေသော ခြေထောက်ကို အတင်းဆွဲဖက်ထားလိုက်သည်။ သွမ့်ရုံရှင်းက အားကုန်သုံး၍ဆွဲဖက်ထားခြင်းဖြစ်လေရာ လင်းမိုမှာ ရုန်းသော်လည်းမရချေ။ လုံးဝကိုမလွတ်တမ်း။ မကူညီပေးသရွေ့ ဒီအဖေကြီးကလည်း မင်းခြေသလုံးကိုအသေခဲထားမှာပဲကွ!

"ဆရာတူအစ်ကိုသုံး!! ညီငယ်လေးဒဏ်ရာရထားတာကို ဒီလိုကြီးပစ်ထားမလို့လားဟင်။ ညီငယ်လေးကို အသက်ကယ်ထားပြီးမှတော့ ကူညီလက်စနဲ့ ကူညီပေးပါနော်...နော်...အစ်ကိုကြီး"

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now