အခန်း(၄၇)

10.5K 1.8K 36
                                    

[Zawgyi]

"ဘွားဘွား။"

စုမေလျန် လူရွယ်ကိုဆေးတိုက်ပြီးသည်နှင့် ဝူဘွားဘွားတို့ဆီထွက်လာလိုက်သည်။

"လျန်အာပါလား? အိမ်ထဲဝင်လေ..လာ။"

စုမေလျန်က အဘွားဝူနောက်မှလိုက်၍ အိမ်ထဲဝင်ရင်း မေးလိုက်သည်။

"ဘိုးဘိုးရော။"

"အဘိုးကြီးကတော့ အပြင်ခဏထွက်သွားလေရဲ့။"

အဘွားဝူက ပြန်ဖြေသည်။

"မေလျန် အကူအညီတစ်ခုတောင်းချင်လို့။"

စုမေလျန် လာရင်းကိစ္စကို စကားစလိုက်သည်။

"ပြောပါတော်..ပြောပါ။ မြေးတို့ဆရာတပည့်က အဘွားတို့ကိုကူညီထားတာအများကြီးပဲ။ ပြန်ကူညီပေးရမှာပေါ့။"

အဘွားဝူက ဝမ်းသာအားရပြောရှာသည်။

"ဒီလို...မေလျန် တောထဲကနေ လူတစ်ယောက်ကိုခေါ်လာခဲ့တယ်။ သူက ယောက်ျားလေး၊ ပြီးတော့ သတိလစ်နေတာ။ ဆရာကလည်းခရီးထွက်သွားပြီး အခု မေလျန်တစ်ယောက်တည်းဆိုတော့ ခေါ်ထားဖို့မသင့်တော်လို့။ သတိလစ်နေပြီး ကျန်းမာရေးကလည်းသိပ်မကောင်းတော့ တစ်ယောက်တည်းထားလို့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် ဘွားဘွားတို့ ခေါ်ထားပေးနိုင်မလားလို့။ မပူပါနဲ့...မေလျန် မကြာမကြာလာကြည့်ပါ့မယ်။"

သူမစကားကိုကြားသောအခါ အဘွားဝူက ရယ်လေ၏။

"ဘာများလဲလို့။ လူတစ်ယောက်လောက်ခေါ်ထားပေးရတာပဲ။ အပန်းမကြီးပါဘူး။ သွားသွား...ခေါ်လာခဲ့။"

"ဘိုးဘိုးက သဘောတူပါ့မလား?"

စုမေလျန် မေးလိုက်သည်။

"မပူပါနဲ့။ သူက အဘွားက အရှေ့ဆို အနောက်ကိုသွားရဲတဲ့လူမှမဟုတ်တာ။ သဘောမတူဘဲ မနေရဲပါဘူး။"

စုမေလျန် ပြုံးလိုက်မိသည်။ အဘွားဝူတို့ဇနီးမောင်နှံသည် တစ်ယောက်နှင့်တစ်ယောက် လွန်စွာမှပင်ချစ်ကြလေရာ အဘွားဝူ၏စကားကို သူမ ယုံကြည်ပါ၏။

"ဒါဆို ကျေးဇူးတင်ပါတယ်ဘွားဘွား။"

စုမေလျန် သူမအိမ်ရှိရာဆီပြန်လာကာ လူရွယ်ကိုသယ်ပိုးလျက် အဘွားဝူတို့အိမ်ပို့လိုက်သည်။ အဘွားဝူက သူ့အတွက်နေရာတစ်ခုကို အဆင်သင့်လုပ်ပေးပြီးစောင့်နေပါ၏။ ထို့နောက်တွင်တော့ စုမေလျန်သည် အဘွားဝူအား အဘိုးဝူပြန်လာသည်အထိ အဖော်ပြုပေးပြီးမှ ပြန်လာခဲ့လေ၏။
......

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now