အခန်း(၃၈)

17.1K 2.7K 151
                                        

[Zawgyi]

လင်းမို ထိုသို့လုပ်မည်မထင်ထားသဖြင့် သွမ့်ရုံရှင်းမျက်ဝန်းများပြူးကျယ်သွား၏။ ထိုအခိုက်မှာပင် သူ့အာရုံထဲတွင် မီးရှူးမီးပန်းများတဖွားဖွားပေါ်လာကာ System၏ အူမြူးနေသော ကလေးလိုလို ခွေးလိုလိုအသံကို ကြားလိုက်ရချေသည်။

[အရေးကြီးလို့ သုံးခါပြောပါမယ်! ဂုဏ်ယူပါတယ်! ဂုဏ်ယူပါတယ်!! ဂုဏ်ယူပါတယ်!!! ဇာတ်လိုက်အား လက်တွဲဖော်ရှာပေးရန်တာဝန်ကို အောင်မြင်စွာထမ်းဆောင်ပြီးပါပြီ။]

တစ်စထက်တစ်စ ပိုကျယ်လာသောအသံကြောင့် သွမ့်ရုံရှင်း နားများပင်အူသွားရသည်။ ထို့နောက် တဖြောဖြောကျလာသော စာများ...။

Comment(1) : အားးးးနောက်ဆုံးတော့ ရုံရှင်းဆီက လင်းကိုကိုအဖြေပြန်ရခဲ့ပြီပေါ့။ ဂုဏ်ယူပါတယ်..။

Comment(2) : ကျေးဇူးပဲကော်ရီးလင်း။ ခွက်ဆီကအဖြေတောင်းရမယ့်နည်းလမ်း သိသွားပြီ။

Reply : ပြောပြစမ်းပါ။ ဘယ်လိုအဖြေတောင်းမှာ?

Reply : ခွက်ကိုစိတ်ဆိုးအောင်လုပ်မယ်ကွာ။ ပြီးတော့ သူစိတ်ဆိုးပြေအောင် ငါ့ကိုတစ်ခုခုလုပ်ခွင့်ပေးမယ်။ မပေးခင် "ချစ်တယ်"လို့ပြောခိုင်းမယ်။

Reply : ငါတော့ အဖြေပြန်ရမယ်မထင်ရေးချမထင်။ ဒီလိုလုပ်တိုင်း အဖြေပြန်ရနေရအောင် မင်းကလင်းမိုမဟုတ်သလို မင်းခွက်ကလည်း သွမ့်ရုံရှင်းမဟုတ်။ အရေးအကြီးဆုံးက မင်းဘဝကြီးက မော့ယွီရှင်းစီစဉ်တာမဟုတ်ဘူး။

Reply : စိတ်ကူးယဉ်ခွင့်လေးတော့ ပေးကြပါ။ *ငိုကြွေး*

Comment (3) : ချစ်တယ်ပြောပြီးမှ ရှက်ရမ်းရမ်းပြီး လျှောချနေတာလေးက ချစ်စရာလေး...။ သွမ့်ရုံရှင်း +1

Comment (4) : လင်းမိုရဲ့ ဇီးစေ့လောက်မျက်နှာကိုမြင်ယောင်ပြီး ငါအူတက်။

Reply : ဟုတ်ပါ့။ ရေခဲတုံးကြီးလင်းရဲ့ မျက်နှာကို မြင်ယောင်ကြည့်ရတာ အရသာရှိနေရော။

Comment (5) : ဘေဘီရုံရှင်းကို အရမ်းတွေသဲသဲလှုပ်နေတဲ့ Big broကြီး ကျင်းခန် +2333

Comment (5) : ဟန်ယွီမော့နဲ့ ကျင်းခန်ကို shipနေတာ ငါတစ်ယောက်တည်းလား?

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Wo Geschichten leben. Entdecke jetzt