အခန်း(၃၄)

16.9K 2.8K 22
                                    

[Zawgyi]

{အချစ်ပြိုင်ဘက်}

[တူလို့လား၊ တူလို့လား? ဟိုကဇာတ်လိုက်လေ Hostတုံးတုံးရဲ့!]

လင်းမော့၏အသံစူးစူးထွက်လာသည်။

"အံမယ်၊ သူကဇာတ်လိုက်ဆို ငါက ဒီကမ္ဘာကိုဖန်တီးခဲ့တဲ့ စာရေးဆရာ၊ ဇာတ်လိုက်အဖေကွ!!"

သွမ့်ရုံရှင်းကလည်း အားကျမခံပြန်ပက်သည်။

[Hostကမ္ဘာမှာတော့ မှန်ရင်မှန်လိမ့်မယ်။ ဒီမှာတော့ Hostက အသက်မသေရေးအတွက် ဇာတ်လိုက်ကို ကပ်ဖားရပ်ဖားလုပ်နေရတဲ့ ဇာတ်ကောင်သေးသေးလေးပဲ...Pfff!]

လင်းမော့က ထုံးစံအတိုင်း သွမ့်ရုံရှင်းကိုဖဲ့သည်။

"ဘာဇာတ်ကောင်သေးသေးလေးလဲ? ဘာကပ်ဖားရပ်ဖားလုပ်တာလဲ!? ငါကသာ ဇာတ်လိုက်ကို ခွာချနေရတာပါ..ဟွန်း!"

လင်းမော့ပြောစကားက အရင်ကမှန်ရင်မှန်မည်။ အခု မမှန်တော့ဘူးလေ။

[Pfff...! Hostက ဟာသတွေ တအားပြော။]

သွမ့်ရုံရှင်း : ....

'ငါ့ကိုမတားနဲ့! ကလေးလိုလိုခွေးလိုလို ကပ်တီးကပ်ဖဲ့နဲ့ ဒင်းကို သတ်ရမှကျေနပ်မယ်!'

[သတ်လို့ရတာလည်းမဟုတ်ဘဲ လေကျယ်မနေစမ်းပါနဲ့။ အပြောလေးတွေလျှော့ပြီး အလုပ်နဲ့သက်သေပြ။ မဟုတ်ရင် Hostငတုံးဆိုတဲ့နာမည်အစား လေအိုးကြီးဆိုတဲ့နာမည်အသစ်ပေးလိုက်မှာ။]

သွမ့်ရုံရှင်း : +_+

"ငါဖတ်ဖူးတဲ့ Syatem genre ဝတ္ထုတွေအကုန်လုံးမှာ Hostနဲ့ Systemတည့်ရင်တည့်..မဟုတ်ရင်လည်း Hostက Systemကိုနိုင်စားတာချည်းပဲ။ ငါ့ကျမှ ဘာလို့ Systemအနိုင့်ကျင့်တာခံနေရတာလဲ!!?"

[Hostက အသုံးမှမကျဘဲ။ အ,သူခံစတမ်းပဲ။]

သွမ့်ရုံရှင်း : ဒင်းနဲ့ဆက်စကားပြောနေရင် ငါဒေါသထွက်လို့သေလိမ့်မယ်!

သွမ့်ရုံရှင်း သူ့အာရုံထဲမှ လူယုတ်မာအသံနှင့် ရယ်နေသော အမြင်ကပ်စရာကောင်ကို ဂရုမစိုက်တော့ဘဲ လင်းမိုကိုလှည့်ကြည့်တော့ လင်းမိုကလည်းသူကိုကြည့်နေသည်နှင့်တိုးတာကြောင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now