အခန်း(၉)

21.6K 3.6K 34
                                    

[Zawgyi]

{သူရဲကောင်းဇာတ်လိုက်}

"ဆရာ!! ညီငါးကို ညီသုံးနဲ့အတူတူ ထည့်လွှတ်လိုက်တယ်ဆို။"

ကျင်းခန်နှင့်ဟန်ယွီမော့တို့ တစ်ယောက်နဲ့တစ်ယောက်မင်းမေး၊ ငါမေးနဲ့တွန်းထိုးနေကြပြီးမှ သူတို့ဆရာစိတ်ရှုပ်လာမည်စိုးသောကြောင့် ကျောက်ရုပ်တစ်ရုပ်လိုထိုင်ကာ စာဖတ်နေသောဆရာဖြစ်သူကို ကျင်းခန် အရဲစွန့်မေးလိုက်ခြင်းဖြစ်သည်။

"အင်း။ ဘာပြသနာရှိလို့လဲ။"

ယွဲ့ယွမ်ရှီးကတော့ ပုံမှန်အတိုင်းသာပြန်ဖြေလာသည်။

"ညီငါးက ကျင့်ကြံဆင့်အရမ်းမှ မမြင့်သေးတာ။ ညီသုံး သွားနှိမ်နှင်းတဲ့ မိစ္ဆာကောင်တွေက အဆင့်မြင့်တယ်။ ဖြစ်ပါ့မလား။"

ကျင်းခန် တကယ်စိတ်ပူမိသည်။ လင်းမိုက ကျင့်ကြံဆင့်မြင့်သည်။ သူတို့ထက်တောင်သာချင်သာနိုင်သည်မို့ ကိစ္စမရှိ။ ဒါပေမယ့် ညီငါးက စစ်ထျန်းတောင်ကိုရောက်လာတာ ကြာမှမကြာသေးတာ။ မိစ္ဆာနှိမ်နှင်းတဲ့အတွေ့အကြုံဆိုလို့ ဟိုတစ်ခါ ရေမိစ္ဆာတွေကိုနှိမ်နှင်းဖူးတဲ့အတွေ့အကြုံလေးပဲရှိတာ။ အလယ်အလတ်အဆင့်လောက်ပဲရှိတဲ့ကောင်တွေနဲ့ရင်ဆိုင်ရတာတောင် သေမလိုဖြစ်သွားသေး။ ကြားရသလောက် သူတို့သွားနှိမ်နှင်းတဲ့ပေ့ဝူမြို့ကမိစ္ဆာက အတော်လေးအင်အားကြီးတယ်ဆိုပဲ။

"စိတ်ချပါ။ လင်းမိုက သူသေချာကာကွယ်ပါ့မယ်လို့ပြောထားပြီးသားပဲ။"

ဆရာဖြစ်သူရဲ့ စကားကြောင့် ဟန်ယွီမော့နှင့် ကျင်းခန် အတွန့်မတက်ရဲတော့။ နောက်မှ တိတ်တိတ်လေးခိုးထွက်ပြီး ပြန်သွားခေါ်ဖို့ သူတို့ဆုံးဖြတ်လိုက်ကြသည်။

"ဒါဆို တပည့်တို့ကို ခွင့်ပြုပါဦး။"

"အင်း။"

လင်းမိုကို သူလွန်ခဲ့သောဆယ်နှစ်က မြို့ပျက်တစ်ခုဆီမှာတွေ့ခဲ့ရခြင်း။ အငတ်ဘေးဆိုက်ကာ ပျက်စီးသွားခဲ့သောလင်းမြို့မှာ မကျွေးမွေးနိုင်တော့၍ သူ့ကိုစွန့်ပစ်သွားခဲ့ပြီဖြစ်သောမိခင်ကို စောင့်မျှော်နေခဲ့သောလင်းမို။ သူရောက်သွားချိန်မှာတော့ သည်ကလေးမှာ အသက်ယဲ့ယဲ့သာရှိတော့သည်။ လင်းမိုကိုကယ်တင်ခဲ့ပြီးနောက် သူ့တပည့်လုပ်မလားမေးတော့ လျင်မြန်စွာပင်ခေါင်းငြိမ့်လက်ခံခဲ့သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now