အခန်း(၁၁)

20.8K 3.6K 23
                                    

[Zawgyi]

"ကျွန်မနာမည်က စုမေလျန်ပါ။ ရှင့်နာမည်ကရော...?"

မိန်းမပျိုလေးက မေးလာသည်။ သောက်ရှူးကြယ်လို လှပတဲ့မျက်ဝန်းလေးတွေက အရောင်လဲ့လို့။ ဒီလိုအကြည့်မျိုးနဲ့သာအကြည့်ခံရရင် ဟိုနှလုံးသားမရှိတဲ့ လင်းမိုကလွဲပြီး ယောက်ျားတိုင်း ချက်ချင်းအရည်ပျော်သွားမှာ။

"ကျွန်တော့်နာမည်က သွမ့်ရုံရှင်း။ စောစောက ကြည့်ကောင်းတဲ့သူက ကျွန်တော့်ဆရာတူအစ်ကို။ သူ့နာမည်က လင်းမို။"

တစ်စုံတစ်ယောက်ရဲ့ ဖန်တီးရှင်ဖေဖေကတော့ သူ့သားလေးကို အမွှမ်းတင်မိတ်ဆက်ပေးဖို့ မမေ့ပါချေ။ သူက အလှလေးတွေကို မြတ်နိုးတတ်ပေမယ့် သားရဲ့ဇနီးဖြစ်လာနိုင်မယ့်သူလေးတွေကို  ထိမယ့် အယုတ်တမာဖေဖေမဟုတ်ပါဘူးနော်။

"စစ်ထျန်းတောင်သခင်ယွဲ့ရဲ့ တပည့်တွေပဲ။ ကြားဖူးနေတာကြာပြီ။ အရင်တည်းက တွေ့ဖူးချင်နေတာ။"

စုမေလျန် အံ့အားသင့်စွာ ပြောလာသည်။ တောင်သခင်ယွဲ့က ကျင့်ကြံခြင်းလောကမှာ ကျော်ကြားသလို သူ့တပည့်တွေအကြောင်းလဲ သူမကြားဖူးသည်။ မကြားချင်အဆုံးကတော့ လင်းမိုရဲ့အကြောင်းပေါ့။ အရင်ကတော့ လင်းမိုရဲ့သတင်းတွေကြားပြီး သူမသဘောကျသလိုရှိပေမယ့် သူမကိုအသက်စွန့်ကယ်ခဲ့တဲ့ သူမရှေ့ကလူကို ပိုသဘောကျသည်။ မိန်းကလေးတိုင်းက လင်းမိုလိုအေးတိအေးစက်ရေခဲတုံးထက် သွမ့်ရုံရှင်းလို နွေးထွေးဖော်ရွေတဲ့သူကို ပိုသဘောကျမှာ အမှန်ပဲလေ။

"တကယ်တမ်းကျော်ကြားတာ အစ်ကိုသုံးပါဗျာ။ မိန်းကလေးစုက မြှောက်ပြောနေပြန်ပါပြီ။"

သွမ့်ရုံရှင်း ရှက်ရယ်,ရယ်ရင်း လည်ပင်းကို လက်တစ်ဖက်ဖြင့်ပွတ်ကာဆိုသည်။ တကယ်လည်း ဒီတပည့်ငါးယောက်ထဲမှာ လင်းမိုကအကျော်ကြားဆုံးပဲဟာ။ ဒါသူလုံးဝမြှောက်ပြောနေတာမဟုတ်။ အရှိကိုအရှိအတိုင်းဝန်ခံခြင်း။ 

"ဒါနဲ့ ရှင်တို့က ဒီတစ်ခေါက် ဘယ်သွားကြမှာလဲ။"

စုမေလျန်က သွမ့်ရုံရှင်း၏လင်းမိုအားဆွဲဆွဲထည့်လာမှုကို လျစ်လျူ ရှုကာမေးသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now