[Zawgyi]
ပတ်ဝန်းကျင်မှာ မကောင်းသောအငွေ့အသက်တို့ဖြင့်ပြည့်နှက်နေကာ မြေပြင်ပေါ်မှာလည်း အလောင်းကောင်တို့ ပြန့်ကျဲကာ သွေးချောင်းစီးလျက်...။ တိတ်ဆိတ်ခြင်းက မင်းမူကြီးစိုးနေသည်မှာ ခြောက်ခြားဖွယ်အတိ။ ပုံဆိုးပန်းဆိုးသဏ္ဍာန်ဖြင့် သတ္တဝါအချို့က အလောင်းများကို ဆွဲဖြဲကာ စားသောက်နေကြသည်။
သွမ့်ရုံရှင်း မျက်မှောင်ကုတ်ကာ ရှေ့ကိုဆက်လျှောက်သွားမိတော့ တိုက်ခိုက်သံများကိုကြားလိုက်ရသည်။ တိုက်ခိုက်နေကြသူများကိုတွေ့တော့ သူတောင့်သွားမိသည်။ ဒဏ်ရာအပြင်းအထန်ရထားပုံပေါ်သည့် အစ်ကိုကြီးနှင့် အစ်ကို(၂)က မိစ္ဆာများကို အားကုန်သုံးရင်း ပြန်တိုက်နေကြသည်။ သွမ့်ရုံရှင်း သွားကူရန်ပြင်လိုက်သော်လည်း သူ့ခြေလှမ်းတို့က ရွှေ့မရ။ ထိုစဉ်မှာပင် ဟန်ယွီမော့က ကျင်းခန်ကို တိုက်ပွဲဖြစ်ရာနှင့်ဝေးအောင် တွန်းလွှတ်လိုက်ပါ၏။
"မြန်မြန်သွား! ငါသူတို့ကိုတားထားမယ်။"
ကျင်းခန်မှာ ထွက်သွားရန်တွန့်ဆုတ်နေခဲ့သည်။
"ယွီမော့...!"
ဟန်ယွီမော့က ကျင်းခန်ဆီ ဦးတည်သွားနေသည့် မိစ္ဆာတစ်ကောင်၏လမ်းကြောင်းကို ဆီးကာလိုက်ရင်း သူ့ကိုအော်ပြောသည်။
"သွား!!!"
သူဆက်နေလျှင်လည်း နှစ်ယောက်လုံးသေရမည်မှာသေချာနေသောကြောင့် ကျင်းခန်ချာခနဲလှည့်ပြေးသည်။
"ငါ ဆရာတို့ကိုခေါ်ပြီးပြန်လာတဲ့အထိ မင်းတောင့်ခံထား။"
'မဖြစ်ဘူး...ငါသွားကူရမယ်။'
သွမ့်ရုံရှင်း အလန့်တကြားဖြင့် ထပ်မံရုန်းသော်လည်း မရခဲ့။ ထိုစဉ်မှာပင် ပြေးသွားသော ကျင်းခန်၏နောက်တွင် မိစ္ဆာတစ်ကောင်ထပ်ပေါ်လာကာ ကျင်းခန်အား လှမ်းဆွဲရန်ပြင်သည်ကို သူရော ဟန်ယွီမော့ပါမြင်လိုက်ကြသည်။ ဟန်ယွီမော့က လက်ထဲမှ ဓားကို ထိုမိစ္ဆာဆီသို့ ပစ်လွှတ်လိုက်၏။ ကျင်းခန်က အသက်ဘေးမှလွတ်သွားသော်ငြား ဟန်ယွီမော့မှာတော့ ဝိုင်းဝန်းတိုက်ခိုက်လာသော မိစ္ဆာကောင်တို့ကို ခုခံရန်လက်နက်မရှိတော့။ လက်ဗလာဖြင့် ခုခံတိုက်ခိုက်နေရင်း တစ်ကြိမ်မှာတော့ သူ့လက်သည် ဆွဲဖြုတ်ခံလိုက်ရလေ၏။ သွေးနံ့က အနှီမိစ္ဆာတို့ကို ပို၍ကြမ်းကြုတ်လာစေသည်။ မိစ္ဆာကောင်တို့၏ တစ်စစီဆွဲဖြုတ်ဝါးမြို ခြင်းခံရသော ဟန်ယွီမော့ကိုကြည့်ရင်း သွမ့်ရုံရှင်း လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်မိသည်။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies