အခန်း(၃၀)

17.3K 2.9K 18
                                    

[Zawgyi]

{မိစ္ဆာမြူ ခိုးတို့၏အလယ်}

မိစ္ဆာမြူ ခိုးနှင့် အာရုံဖောက်ပြားရနံ့....။

မိစ္ဆာမြူ ခိုးဟူသည်ကား အမြင်အာရုံကို ဝေဝါးမှောက်မှားစေတတ်သော သဘောရှိပြီး အမြားအပြား ရှူ ရှိုက်မိပါက မကောင်းသော စိတ်ရိုင်းတို့ကို နိုးထစေတတ်သည်။ ရှူ ရှိုက်မိသူ၏ နှလုံးသားတစ်နေရာ၏ အနက်ရှိုင်းဆုံးတွင် သိုဝှက်ထားသော ထိုသူအလုပ်ချင်ဆုံးဖြစ်သည့် မကောင်းသောအရာတို့ကို ကိုယ်ထိလက်ရောက်လုပ်ဆောင်စေရန် လှုံ့ဆော်ပေးတတ်သော သဘောရှိသည်။

သွမ့်ရုံရှင်းနှင့် လင်းမိုတို့ ပေ့ဝူမြို့တွင် ကြုံခဲ့ရသော မြူ ခိုးများက ရှူ ရှိုက်မိသူကို ခဏတာမူးဝေကြောင်အခြင်းဖြစ်စေနိုင်ပေသည့် မိစ္ဆာမြူ ခိုးရနံ့တော့ မဟုတ်ပေ။ ထိုမြူ ခိုးများက ရန်သူကို အငိုက်ဖမ်းတိုက်ခိုက်ရန် သုံးတတ်သည့် မြူ ခိုးတစ်မျိုးပင်ဖြစ်သည်။

အာရုံဖောက်ပြားရနံ့သည်ကတော့ ထိုသူ၏ စိတ်ထဲတွင် အမုန်းတရားဖြင့်ဖြစ်စေ၊ ချစ်ခြင်းတရားဖြင့်ဖြစ်စေ....အကြောင်းအမျိုးမျိုးဖြင့် စွဲလမ်းနေမိတတ်သော လူသားတစ်ဦးကို စိတ်အာရုံတွင် ပေါ်ပေါက်လာစေကာ ထိုသူ၏ဆန္ဒအလိုက် ဖြစ်ချင်သလို အမျိုးမျိုးပုံဖော်ဆွဲဆောင်တတ်ပေသည်။ အများအပြားရှူ ရှိုက်မိလေ...ထိုပုံရိပ်များ၏ ဆွဲဆောင်ဖမ်းစားမှုမှာ ပို၍ပြင်းထန်ကာ ရုန်းထွက်ရခက်လေပင်။ ရုန်းမထွက်နိုင်သည့်သူမှာ တဖြည်းဖြည်းနှင့် စိတ်ကူးယဉ်ပုံရိပ်ယောင်များ၏ ဖမ်းစားမှုအောက်မှာ တဖြည်းဖြည်းနှင့် စိတ်လွတ်ကာ ရူးသွပ်သွားပေမည်။
...

သွမ့်ရုံရှင်းအတွက် မိစ္ဆာများကို တိုက်ခိုက်ရင်း ထိုအငွေ့နှင့်ရနံ့များကို မရှူ မိရေး အသက်အောင့်ထားရသည်မှာ လွယ်တော့မလွယ်ချေ။ သူ့ကျင့်ကြံဆင့်မှာ အနည်းငယ်မြင့်နေ၍သာ တော်တော့သည်။ သို့သော်လည်း ကြာကြာတောင့်ခံနိုင်ဖို့မလွယ်လှ...။

ထူထပ်ပိတ်သည်းနေသော မြူ ခိုးတွေကို တစ်ချိန်မဟုတ် တစ်ချိန်ရှူ မိနိုင်လေသည်။ ထို့ကြောင့် သွမ့်ရုံရှင်း အနားကပ်လာသော မိစ္ဆာများကို ခုခံကာ တဖြည်းဖြည်းလာရင်းအတိုင်း နောက်ပြန်ဆုတ်လာခဲ့သည်။ မိစ္ဆာများကိုသတ်ဖို့ထက် မြူ တောထဲမှလွတ်ရန်က ပိုအရေးကြီးပေသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now