အခန်း(၁၉)

19.4K 3.3K 205
                                    

[Zawgyi]

{upgrade system}

"ထားလိုက်တော့။ မင်းဒဏ်ရာ ဘယ်လိုနေသေးလဲ?"

လင်းမို သက်ပြင်းချရင်း မေးလိုက်သည်။

စိတ်လျှော့...စိတ်လျှော့။ သူဇွတ်အတင်း ရှေ့ဆက်တိုးနေရင် ရှောင်ရှင်းငိုသွားလိမ့်မယ်။

"သက်သာပါတယ်။"

"ကြည့်ရအောင်။"

လင်းမို သွမ့်ရုံရှင်းရဲ့ပခုံးပေါ်လာအောင် အင်္ကျီကို ဆွဲချလိုက်၏။ ပခုံးဖြူ ဖြူ လုံးလုံးလေးရယ်၊ ဆွဲဆောင်မှုရှိလွန်းတဲ့ ညှပ်ရိုးလေးတွေရယ်က ထင်းခနဲ။ လင်းမို အဲ့ဘက်ကို မကြည့်မိအောင် စိတ်ထိန်းလိုက်ပြီး ဒဏ်ရာကို ကြည့်လိုက်သည်။ ညကစည်းပေးထားတဲ့ ပတ်တီးအဖြူ မှာ သွေးတွေစွန်းနေပြီ။

"ထိုင်။"

လင်းမိုက သွမ့်ရုံရှင်းရဲ့ဒဏ်ရာ ရမထားတဲ့ ပခုံးတစ်ဖက်ကို ဖိချပြီး ထိုင်ခိုင်းလေ၏။ ပြီးတော့မှ ပတ်တီးကို ဖြည်ချလိုက်သည်။ အရိုးတွေပါပေါ်နေတဲ့ ဒဏ်ရာကိုကြည့်ရင်း လင်းမိုမျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။ သူအခုထိ အဲ့ဒီမိစ္ဆာကို အမှုန့်ကြိတ်ချင်နေတုန်းပဲ။ တကယ်လည်း အမှုန့်ဖြစ်သွားပြီဆိုပေမယ့်လည်း...။

သေရာကနေ ပြန်ထပေးလာရမလိုဖြစ်သွားသော မိစ္ဆာကောင် : ...

သူ့ဆရာတူညီလေး နာသွားမှာစိုးတာကြောင့် ဒဏ်ရာကို အသာအယာသန့်ရှင်းပေးပြီး ဆေးမှုန့်နည်းနည်းဖြူးပေးလိုက်သည်။

"အ!"

သွမ့်ရုံရှင်းဆီက အသံထွက်လာတာကြောင့် လင်းမိုပျာယာခတ်သွားရ၏။

"နာသွားလား ရှောင်ရှင်း? ကိုယ်မကောင်းတာပါ။ ဒီ့ထက်ပိုပြီး ညင်သာရမှာ။"

"ရပါတယ်။ ဒီလောက်လေးမှ အနာမခံနိုင်ရင် ကျွန်တော့်ကို ယောက်ျားလို့ခေါ်လို့ရပါဦးမလား? လင်းကောအမှားမဟုတ်ပါဘူး။"

လင်းမိုကတော့ ချီစွမ်းအင်တွေပါဖြည့်ပေးရင်း အတတ်နိုင်ဆုံး မနာအောင်လုပ်ပေးနေ၏။ ဒီကောင်လေးနာကျင်နေတာကိုမြင်ရင် သူလည်းထပ်တူနာကျင်ရသည်။ ပတ်တီးကို သပ်သပ်ရပ်ရပ်စည်းပေးပြီးတာနဲ့ သူမျက်နှာလွှဲပြီး ထရပ်လိုက်၏။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now