[Zawgyi]
"မိစ္ဆာဘုရင် နိုးထလာတော့မယ်ဆိုတော့ ကျွန်တော်တို့ သူမနိုးထခင် အရင်ဆုံးလိုက်ရှာပြီး သတ်ပစ်တာကောင်းမယ်။"
ကျင်းခန်က စိတ်လှုပ်ရှားစွာပြောလာ၏။ ယွဲ့ယွမ်ရှီးက သူ့တပည့်ကိုပြုံးကြည့်ကာ ရှင်းပြလိုက်သည်။
"အပြောကသာလွယ်တာ။ မိစ္ဆာဘုရင် ဘယ်မှာမှန်း သိဖို့ခက်တယ်။ တကယ်လို့သိခဲ့ရင်တောင် အဲ့ဒီ့နားမှာ အဆင့်မြင့်မိစ္ဆာတွေ တော်တော်များများရှိနေလိမ့်မယ်။ သူတို့မသိအောင် သတ်ဖို့ဆိုတာ မလွယ်ဘူး။"
တလက်လက်တောက်ပနေသော ကျင်းခန်၏ မျက်ဝန်းတို့ ခေတ္တမျှမှုန်မှိုင်းသွားပြီးမှ သူကထပ်မံပြောလာပြန်သည်။
"ဒါဆို ကျွန်တော်တို့က ဘာမှမလုပ်ဘဲ သူနိုးထလာပြီး လောကကြီးကိုဖျက်ဆီးတာကို ထိုင်ကြည့်နေရမှာလား?"
"သေချာပေါက် မဟုတ်ဘူးပေါ့။ စုမိန်းကလေးရဲ့ ဆရာသိပ်မကြာခင် စစ်ထျန်းတောင်ကို လာမယ်ထင်တယ်။ ဟုတ်သလား?"
ယွဲ့ယွမ်ရှီးပြောလိုက်သည့် ရှေ့စကားတစ်ခွန်းက ကျင်းခန်ကိုရည်ညွှန်းတာဖြစ်ပြီး နောက်တစ်ခွန်းကတော့ စုမေလျန်ကို ရည်ညွှန်းသည်။
"ဟုတ်ပါတယ် တောင်သခင်ယွဲ့။ ကျင့်ကြံခြင်းလောကရဲ့ ဆရာသခင်တွေကိုစုစည်းပြီး အားလုံးဝိုင်းဝန်းဆုံးဖြတ်နိုင်မယ်လို့ ဆရာမျှော်မှန်းထားပါတယ်။"
စုမေလျန်က ပြန်ဖြေသည်။ ကျင်းခန်လည်း ထပ်မပြောတော့။ ယွဲ့ယွမ်ရှီးက ခေါင်းတစ်ချက်ငြိမ့်ကာ ပြောလိုက်သည်။
"ဒါဆို မိန်းကလေးစုရဲ့ဆရာထျန်းရွှယ်ရောက်လာတဲ့အထိ စစ်ထျန်းတောင်ပဲနေပြီး စောင့်မလား?"
"ဟုတ်ကဲ့။ ဆရာက ဒီလိုပဲပြောထားပါတယ်။"
"ကောင်းပြီ။ လင်းချန်..။"
ယွဲ့ယွမ်ရှီးကခေါ်လိုက်သည်ကြာင့် လင်းချန်လက်နှစ်ဖက်ဆုပ်ဂါရဝပြုကာ ရှိကြောင်းပြောသည်။
"တပည့်ရှိပါတယ်။"
"ငါ့တပည့်ရဲ့ ကပ်လျက်ခြံမှာ စုမိန်းကလေးကို နေရာပေးလိုက်။ စုမိန်းကလေးက တပည့်ငယ်သွမ့်ရုံရှင်းနဲ့ သိနေတယ်ထင်တယ်။"
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies