[Zawgyi]
{ကျွန်တော် မတော်ဘူးလား?}
သွမ့်ရုံရှင်း အသံကြားရာပြေးဝင်သွားမှ လင်းမိုလှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။ ခေတ္တမျှ တွေဝေနေပြီးနောက်တွင် ဘေးနားမှ ဓားကိုကောက်ကိုင်ကာ သွမ့်ရုံရှင်းထွက်သွားရာနောက်သို့ လိုက်သွားတော့သည်။
သွမ့်ရုံရှင်းရောက်သွားချိန်မှာ မိစ္ဆာသားရဲကြီးက မြေပေါ်တွင်လဲကျနေသော မိန်းကလေးကို သတ်ရန်ပြင်နေပြီဖြစ်သည်။
"ရပ်လိုက်စမ်း!! လူသားတွေရဲ့ နယ်မြေထဲကိုလာပြီး မင်းစိတ်ကြိုက်သတ်ဖြတ်နေတာကို ငါခွင့်မပြုနိုင်ဘူး။"
အား...ဒီလိုလေတစ်လုံးမိုးတစ်လုံးနဲ့ တော်ကီပွားလိုက်ရတဲ့ဖီးလင်းက သောက်ရမ်းမိုက်တယ်ဟ!
သူ့အသံကြောင့် မိစ္ဆာသားရဲကြီး၏ အာရုံက သွမ့်ရုံရှင်းထံရောက်လာလေသည်။ မိစ္ဆာကောင်ကြီးက တစ်ချက်ဟိန်းလိုက်ပြီး သွမ့်ရုံရှင်းထံသို့ တဟုန်ထိုးပြေးဝင်လာသည်။ သူလည်း အသက်ကိုပြင်းပြင်းရှူ ပြီး အတတ်နိုင်ဆုံးကာကွယ်ရန်ပြင်လိုက်သည်။
"ပြေးတော့။ ရှင် သူ့ကို မနိုင်နိုင်ဘူး။"
လဲကျနေသောအမျိုးသမီးလေးက လှမ်းအော်သည်။ သွမ့်ရုံရှင်းလည်း သည်ကောင်ကြီးက သူကိုင်တွယ်နိုင်သည့်အဆင့်ထက်ကျော်နေမှန်း သိသည်။ ဒါပေမယ့် မတတ်နိုင်။ မိန်းမလှလေးကိုကယ်ရင်း သေရတာဆိုတော့ ဘာဖြစ်ဖြစ် သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်လေးတော့ ရသွားတာပေါ့။
"သေပါစေ။ ဒုက္ခရောက်နေတာကိုတွေ့နေမှတော့ ဒီအတိုင်းမထားခဲ့နိုင်ဘူး။"
သွမ့်ရုံရှင်း ခိုင်မာစွာပြန်ပြောလိုက်ကာ မိစ္ဆာကောင်ကြီးကို ရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။ စုမေလျန်သည်ကား မနိုင်,နိုင်မှန်းသိတာတောင် ဇွတ်အတင်းတိုက်ခိုက်ရန်ကြိုးစားနေသော ထိုအမျိုးသားငယ်ကို ကြည့်နေမိသည်။ ထိုသူ၏အဖြူ ရောင်ဝတ်စုံအနားစက လေထဲတွင်တဖျတ်ဖျတ်လွင့်နေ၏။ အခိုင်အမာဆုံးဖြတ်ချက်ချထားဟန်မျက်နှာထားက လောကရှိဘယ်အရာကမှ သူ့ဆုံးဖြတ်ချက်ကို ယိုင်နဲ့မသွားစေနိုင်သည့်ဟန်။ သူမ တတ်စွမ်းသမျှကူညီချင်ပါသော်လည်း ဒဏ်ရာအပြင်းအထန်ရထားပြီဖြစ်၍ အရမ်းကြီးလှုပ်ရှား၍မရ။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies