အခန်း(၅၂)

8.6K 1.5K 8
                                    

[Zawgyi]

နောက်တစ်ရက်တွင် သွမ့်ရုံရှင်းတို့တွေ စစ်ထျန်းတောင်မှ ထွက်လာခဲ့ကြသည်။ ဆရာတူညီအစ်ကိုမောင်နှမများ အားလုံးထွက်လာခဲ့ရခြင်းဖြစ်၍ မိစ္ဆာနှိမ်နှင်းရန်သွားသည်နှင့်မတူဘဲ ပျော်စရာပင်ကောင်းနေသေးတော့။ ဤခရီး၌တစ်စုံတစ်ဦးအားဆုံးရှုံးရမည်ကို သူတို့မသိခဲ့ပါလေ။

ကျင်းခန်တို့တွေ့ခဲ့သည်ရွာနှင့် နီးလာသည်နှင့်အမျှ သွမ့်ရုံရှင်းမှာ အမှောင်ထဲမှမျက်လုံးပေါင်းများစွာက သူတို့အားစောင့်ကြည့်နေသည်ဟုခံစားလာရကာ စိတ်မသက်မသာဖြစ်လာ၏။ လင်းမိုကလည်း သွမ့်ရုံရှင်းကို အရိပ်တကြည့်ကြည့်လုပ်နေသူပီပီ သွမ့်ရုံရှင်း၏အပြောင်းအလဲကိုသတိထားမိနေသည်။

"ရှောင်ရှင်း...ဘာဖြစ်လို့လဲ?"

လင်းမိုက သွမ့်ရုံရှင်းနားကပ်ကာ တီးတိုးမေးလာ၏။

"ဆိုးရွားတာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားမိနေတယ်။ ဘာလဲတော့ သေချာမသိဘူး။"

သွမ့်ရုံရှင်းပြန်ဖြေ၏။

"ဒီကမ္ဘာကအဖြစ်အပျက်တွေက ရှောင်ရှင်းဖန်တီးထားတာဆို။ ဘာလို့မသိတာလဲ?"

"ဟုတ်ပေမယ့် ကျွန်တော်ဖန်တီးထားတာတွေက ပြီးသွားပြီလင်းကောရဲ့။ ဒါကြောင့် ထပ်မသိနိုင်တော့ဘူး။ ဘာဖြစ်ဖြစ် လူစုမခွဲပဲနေရင်အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်။"

"ကောင်းပြီ။ ကိုယ် အစ်ကိုကြီးကိုပြောလိုက်မယ်။"

"အရမ်းကြီး မသိသာစေနဲ့။"

"အင်း။"

လင်းမိုက သွမ့်ရုံရှင်းထံမှ ချက်ချင်းထွက်မသွားသေးဘဲ ခဏနားနေချိန်ရောက်မှသာ ကျင်းခန်နား မယောင်မလည်သွားကာပြော၏။ သို့ရာတွင် မဖြစ်မနေလူစုခွဲရမည့်ကိစ္စပေါ်လာ၏။ ချင်းစုပျောက်သွားခြင်းပင်။ မိန်းကလေးနှစ်ဦး ရေချိုးရန်ထွက်သွားရာမှ ချင်းစုပျောက်သွားလေ၏။

"အစ်ကိုကြီး...မရီး..မရီးပျောက်သွားလို့!"

အမောတကောပြေးလာကာ သတင်းပို့လာသောလင်းချန်..။

"ဘာ?! ဘယ်လိုဖြစ်တာလဲ?!"

ကျင်းခန် အလောတကြီးလှမ်းမေးသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ