အခန်း(၅၅)

9.7K 1.6K 13
                                    

[Zawgyi]

[အရေးပေါ်! အရေးပေါ်!! အရေးပေါ်!!!ဝိဥာဉ်ကိုပြန်လည်စုဆောင်းနေပါသည်! ဝိဥာဉ်ကို ပြန်လည်တည်ဆောက်နေပါသည်!! ဝိဥာဉ်ကိုပြန်လည်တည်ဆောက်ခြင်းပြီးဆုံး!]

မော့ယွီရှင်း သူ့နားထဲတွင်ကြားလာရသော ရင်းနှီးနေသည့်အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမြင်နေရသည်က ဝမ်းသာပျော်ရွှင်နေသောမျက်နှာများနှင့်လူများ၊ အသံမထွက်ဘဲ တိတ်တဆိတ်ငိုကြွေးနေကြသူများ။

"ဘာလဲ? ငါ သေသွားပြီမလား?"

သူ တွေဝေစွာဖြင့်ရေရွတ်လိုက်သည်။

[အင်း..သေသွားပြီ။ အခုက Hostဝိဥာဉ်ဘဝမှာ။]

ရင်းနှီးနေသော အသံကြောင့် သူလှည့်ကြည့်မိတော့ သူ့ကိုကြည့်နေသောလင်းမော့နှင့် အကြည့်ချင်းဆုံသည်။

[ကျွန်တော်ပြောပါတယ်။ Hostကိုဘာမှအဖြစ်မခံဘူးလို့။ နည်းနည်းပဲစောင့်ပေး။ Hostပြန်လာနိုင်မယ့်နည်းလမ်းကို ကျွန်တော်ရအောင်ရှာမယ်။]

စကားဆုံးသည်နှင့် ရင်ဘတ်ကိုဖိကာ ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာသောလင်းမော့ကြောင့် သူ လင်းမော့ဆီအပြေးလေးသွားမိသည်။

[ရှောင်မော့မော့..ဘာဖြစ်တာလဲ?]

ဖေးမရန်လက်လှမ်းလိုက်သော်လည်း လေဟာနယ်ကိုသာဆုပ်ကိုင်မိသကဲ့သို့သောခံစားချက်။ သူ့လက်များသည် လင်းမော့၏ကိုယ်ထဲသို့ဖောက်ဝင်သွားသော်လည်း ထိတွေ့ကိုင်တွယ်၍မရ။

"အားမော့!"

ယွဲ့ယွမ်ရှီးက လင်းမော့အားပွေ့ချီလိုက်သည်။

[ကျွန်တော်ဘာမှမဖြစ်ဘူး။ လင်းမို...သူ့ကိုသွားကြည့်။ ကျွန်တော် ခဏလောက်နားဦးမယ်။]

ပြောပြီးသည်နှင့် ယွဲ့ယွမ်ရှီး၏ရင်ခွင်ထဲ၌ မျက်လုံးများပိတ်ကာ ငြိမ်သက်သွားသောလင်းမော့။

"ရှောင်ရှင်း!!!"

"လင်းကော..."

သူ့အလောင်း...မဟုတ်သေး...သွမ့်ရုံရှင်း၏အလောင်းကို  ရင်ခွင်ထဲ၌ထွေးပွေ့ကာ ငိုကြွေးနေပါသည့်လင်းမို။ ဝိဥာဉ်လေးတစ်ခုပင်ဖြစ်သော်လည်း လင်းမို၏မျက်ရည်များကိုမြင်သည်၌ သူနာကျင်လာသည်။ ထိတွေ့၍မရနိုင်မှန်းသိသော်လည်း သူ လင်းမိုအနီး၌ ဒူးထောက်ထိုင်ချကာ မျက်ရည်တို့ကိုသုတ်ပေးနေမိသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now