အခန်း(၃၇)

16.3K 2.6K 114
                                    

[Zawgyi]

{ကျွန်တော်ရောပါပဲ}

ဆရာဖြစ်သူက သွားခွင့်ပြုလိုက်သည်နှင့် တပည့်လေးယောက်မှာ သွမ့်ရုံရှင်းအား ပွေ့မချီရုံတမယ်ခြံရံ၍ ထွက်သွားကြလေ၏။ စုမေလျန်ကတော့ သူတို့နောက်မှာ။

ယွဲ့ယွမ်ရှီး၏အဆောင်ကွယ်သည်နှင့် သူတို့ရုတ်တရက် ရပ်လိုက်ကြကာ ကျင်းခန်နှင့် ဟန်ယွီမော့က သွမ့်ရုံရှင်းဘက်သို့လှည့်လာရင်း တစ်ကိုယ်လုံးကို လှည့်ပတ်စစ်ဆေးတော့သည်။

"ရုံရှင်း၊ ဘယ်နားဒဏ်ရာရသွားတာလဲ? သက်သာရဲ့လား?"

စိုးရိမ်တကြီးဖြင့် မေးကာ သွမ့်ရုံရှင်းကို စိတ်ထင်သလို ဟိုလှည့်သည်လှည့်လုပ်ကာ ကြည့်ရှုစစ်ဆေးနေသော ဆရာတူအစ်ကိုနှစ်ယောက်ကြောင့် လင်းမိုမျက်နှာကြီးညို မှောင်လာတော့သည်။ သွမ့်ရုံရှင်းကတော့ သူ့ဆရာတူအစ်ကို၊ အစ်မများက ဤမျှအထိ ဂရုစိုက်မည်မထင်ထားသဖြင့် အံ့သြနေသည်။ လင်းမိုက ခပ်ခွာခွာရပ်နေရာမှ ရုတ်တရက်တိုးကပ်လာကာ သွမ့်ရုံရှင်းလက်ကို ဖျတ်ကနဲဆွဲပြီး သူ့နောက်သို့ပို့လိုက်လေ၏။ ကျင်းခန်က မျက်မှောင်ကြီးကုတ်လျက်မေးသည်။

"မင်းဘာလုပ်တာလဲ?"

"ဘာလုပ်လို့လဲ?"

လင်းမိုက ခပ်တည်တည်ပင်ပြန်ဖြေ၏။ ကျင်းခန်က သွမ့်ရုံရှင်းအပြစ်ပေးခံရအောင် ဆရာဖြစ်သူရှေ့မှာ သွမ့်ရုံရှင်းလိမ်တာကိုဖော်လိုက်သည့်အတွက် လင်းမိုကိုမကျေနပ်။ သူကောင်းကောင်းမကာကွယ်လို့ ရုံရှင်းဒဏ်ရာရတာ။ ခုကျတော့ ရုံရှင်းကို သူတစ်ယောက်တည်းအပိုင်လို လုပ်နေပြန်သည်။ လင်းမိုဆိုတဲ့ကောင်က နည်းနည်းလေးမှစိတ်ချရတဲ့ကောင်မဟုတ်ဘူး။

"ရုံရှင်း ဒီကိုလာ။"

ကျင်းခန်က သွမ့်ရုံရှင်းကိုလှမ်းခေါ်သည်။ သွမ့်ရုံရှင်း၏လက်မောင်းကိုဆွဲကိုင်ထားသော လင်းမို၏လက်တို့မှာ ပို၍ပင်တင်းကြပ်သွားသည်။

"မသွားရဘူး။"

"ညီငါးက ဘာကိစ္စမင်းစကားနားထောင်နေရမှာလဲ? လာ ရုံရှင်း။"

ကျင်းခန်က မျက်မှောင်ကုတ်ကာ ဆိုသည်။ ဟန်ယွီမော့နှင့် လင်းချန်က လက်တို့ကာ သတိပေးသော်လည်းမရ။ သွမ့်ရုံရှင်းက သွားမည်ပြင်သော် လင်းမို၏လက်တို့က ပို၍ပင်တင်းကြပ်လာသေး၏။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now