အခန်း(၂၅)

18.6K 3.1K 68
                                    

[Zawgyi]

{Genreပြောင်းသွားသောဝတ္ထု}

ရုတ်တရက်ကြီး သူ့သားသားလေးလင်းဆီက မပျော်မရွှင်ဖြစ်သွားတဲ့လေထုကိုခံစားမိတာကြောင့် သွမ့်ရုံရှင်းအံ့အားသင့်သွားသည်။ သူပြောတာမှားသွားလို့လား? သူပဲ ဇာတ်လိုက်မယားလောင်းတွေနဲ့ပတ်သက်ပြီး အမှတ်မှားသွားလို့လား?

မဟုတ်သေး။ တစ်ခုခုတော့လွဲနေပြီ။ သားသားလေးလင်းက သူ့ကိုအရမ်းတွယ်တာလွန်းနေတာကြောင့် မိန်းမ မယူစေချင်တာလား?

လင်းမော့တစ်ယောက် နောက်ဆုံးတော့ ဟင်းချနိုင်သွားချေပြီ။ သူ့Hostက သုံးစားမရအောင် တုံးနေတာတော့ မဟုတ်ဘူးပဲ။

"System!"

"ဟုတ်ကဲ့။ Systemဆိုတာ ဘယ်သူလည်း မသိဘူးခင်ဗျ။ ဒီမှာSystemဆိုတဲ့နာမည်နဲ့တစ်ယောက်မရှိပါဘူး။"

သွမ့်ရုံရှင်း : ...

"ဒါဖြင့် အခုပြောနေတာဘယ်သူတုန်း?"

"လင်းမော့ပါ။"

"လင်းမော့ဆိုလည်း လင်းမော့တာပေါ့။ အခု သားသားလေးက ဘာဖြစ်နေတာလဲ?"

"မပြောဘူး။ Hostပဲ ဇာတ်လိုက်အကြောင်း ငါ့ထက်သိတဲ့လူမရှိနိုင်တော့ဘူးဆို။ ဦးနှောက်ပါရင် ကိုယ့်ဘာသာစဉ်းစား။"

သွမ့်ရုံရှင်း : ဒီSystemကို ငါbad reviewပေးလို့ရလား?
...

"လင်းကော။ ဘာဖြစ်လို့လဲ? ကျွန်တော်ပြောတာ မှားသွားလို့လား?"

လင်းမိုက သွမ့်ရုံရှင်းစကားကိုကြားတဲ့အခါ ခြေလှမ်းရပ်လိုက်သည်။ လင်းမိုက ရုတ်တရက်ကြီးရပ်ပစ်လိုက်တာကြောင့် လင်းမိုနောက်က လိုက်လာတဲ့သွမ့်ရုံရှင်းတစ်ယောက် လင်းမိုကျောကို ဝင်တိုက်မိသွားတော့၏။

"ရပ်မယ်ဆိုလည်း ကြိုပြောပါဗျ လင်းကောရ။"

သွမ့်ရုံရှင်း နဖူးကိုပွတ်ရင်း မကျေမနပ်ဖြင့်ပြောလိုက်မိသည်။ သားသားလေးကျောက တအားမာတာပဲ။

"အရမ်းနာသွားလား?"

လင်းမိုက သူ့ကိုငုံ့ကြည့်လာပြီး နဖူးကိုအုပ်ထားတဲ့သူ့လက်ကို ဖယ်လိုက်သည်။ ပြီးနောက် နဖူးကို ခပ်ဖွဖွပွတ်ပေးရင်း ဆိုသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now