အခန်း(၄၃)

12.5K 2.1K 84
                                    

[Zawgyi]

ဟန်ယွီမော့၏ မေးရိုးကြီးမှာ အောက်ကိုပြုတ်ကျသွားသည်။ တော်ရုံဆိုအဆောင်အပြင်တောင်ထွက်လေ့မရှိတဲ့ သူတို့ဆရာက ခုတစ်လော လင်းမော့ကိုရှာဖို့ အပြင်ခဏခဏထွက်လာတတ်တဲ့အပြင် အခုတော့ ဒီကလေးစုတ်ကို သူကိုယ်တိုင်တောင်အောက်လိုက်ပို့မယ်တဲ့။ သူ အိပ်မက်မက်နေတာများလား?

ဟန်ယွီမော့ သူ့မျက်လုံးကိုပွတ်ပြီး သေချာပြန်ကြည့်လိုက်ချိန်မှာတော့ ဆရာဖြစ်သူနှင့် အဆိုးလေးလင်းမော့တို့ ဓားပျံစီးကာထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ တကယ်ကြီး...သူအိပ်မက်မက်နေတာ မဟုတ်ဘူးပဲ။

တောင်ခြေက မြို့ကိုရောက်သောအခါမှာတော့ လင်းမော့တစ်ယောက် တွေ့သမျှမုန့်မျိုးစုံကို လက်ညှိုးထိုးလေတော့၏။ ယွဲ့ယွမ်ရှီးက နောက်မှလိုက်၍ သူညွှန်ပြသမျှမုန့်များအား ဝယ်ကာပိုက်ဆံရှင်းရသည်။

လမ်းဘေးတွင်ရောင်းသည့် သွားရည်စာများမှအစ စားသောက်ဆိုင်များအဆုံး လင်းမော့တစ်ယောက် စိတ်ရှိလက်ရှိမွှေနောက်စားသောက်နေသလို ယွဲ့ယွမ်ရှီးကလည်း ဟန့်တားသည့်စကားတစ်ခွန်းမဆိုဘဲ ကျသမျှကိုသာရှင်းပေးနေလေ၏။

'လူသားဖြစ်ရတာ ကောင်းလိုက်တာ။ အစားအသောက်တွေက အရမ်းစားလို့ကောင်းတယ်။'

ထိုသို့တွေးရင်း လင်းမော့တစ်ယောက် ပျော်ရွှင်နေသည်။ သူလူတစ်ယောက်ဖြစ်လာခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း လူသားတို့၏စားစရာများကိုစားရသည်မှာ ဘယ်တော့မှရိုးအီသွားခြင်းမရှိ။ ဖြစ်နိုင်လျှင် ဤမြို့တင်မကဘဲ ကမ္ဘာအနှံ့ပတ်၍ပါ အစားမျိုးစုံစားချင်သေးသည်။

မြို့တော်၏ နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတစ်ခုအတွင်းရှိ စားစရာများအပြည့်ဖြင့်စားပွဲရှေ့တွင် ကလေးငယ်တစ်ယောက်ထိုင်နေကာ ဟင်းလျာများကို ပါးလေးများဖောင်းသည်အထိ အားရပါးရစားနေလေ၏။ ထိုကလေးငယ်နှင့် မျက်နှာချင်းဆိုင်တွင်မူ ချောမောခန့်ညားသည့်လူတစ်ဦးရှိနေကာ ကလေးငယ်စားနေသည်ကို မျက်တောင်မခတ်တမ်းကြည့်နေလေ၏။ ထိုနှစ်ဦးသည်ကား လင်းမော့နှင့်ယွဲ့ယွမ်ရှီးပင်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now