အခန်း(၈)

23.3K 3.7K 134
                                    

[Zawgyi]

{ကံကြမ္မာဆိုတာကို ငါမယုံဘူး}

'ဟာဟ...ဇာတ်လိုက်ကုန်းပိုးပေးတာခံရတာ တော်တော်နေလို့ကောင်းတာပဲ!'

System - [ဇာတ်လိုက်ကို ယောက်ျားတော်လိုက်ရင် ဒီ့ထက်ပိုပြီး ခိုင်းစားလို့ရမှာ။ Hostအတွေးမလွဲပါနဲ့လား။]

သွမ့်ရုံရှင်း : "မိုးမေလင်းလိုက် သောက်စစ်စတန်!! ငါ့သားက အဖြောင့်။ သူ့ဖေဖေငါကလည်း ဖြောင့်တာမှ တန်းလို့။ ပိုပြီးအရေးကြီးတာက သူနဲ့ငါက သားအဖ။"

System - [သားအဖလည်း တစ်ကယ်အရင်းမှ မဟုတ်တာ။ Hostကို အကြံကောင်းပေးနေတဲ့ဟာ။ အပင်ပန်းခံပြီး မိန်းမပေးစားနေမယ့်အစား Hostသာ ယူလိုက်ရင် missionလည်းပြီးသလို Hostရည်ရွယ်ချက်လည်း အောင်မြင်မယ့်ဟာ။]

သွမ့်ရှင်းရုံ - "မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း!! သိပ်မကြာခင်ပဲ ငါ့ချွေးမလောင်းလေးနဲ့ တွေ့ရတော့မှာ။"

System - [နေပေါ့။ စေတနာနဲ့ မတန်တဲ့Host!! offlineလုပ်ပြီ။ ဖြစ်လာတဲ့ပသနာအကုန် ကိုယ့်ဘာသာရှင်း။]

သွမ့်ရှင်းရုံက သူ့Systemဘာဖြစ်သွားလည်း သတိမထား။ စောစောကပြောသွားတာတွေကိုလည်း ပေါက်ကရလျှောက်ပြောနေတယ်လို့သာမှတ်လိုက်ပြီး ပလစ်လိုက်လေသည်။ ချွေးမလောင်းလေးနဲ့ တွေ့ရတော့မှာကြောင့် သွမ့်ရှင်းရုံမှာ စိတ်လှုပ်ရှားလာကာ လှုပ်လှုပ်ရွရွဖြစ်လာတော့သည်။

"ငြိမ်ငြိမ်နေ!"

"ဟမ်!!"

လင်းမို၏ အသံထွက်လာတော့ သူတစ်ချက်ကြောင်သွားကာ နောက်မှ လင်းမိုကျောပေါ်မှာ ရောက်နေတာဖြစ်ကြောင်းပြန်သတိရသွားလေသည်။ ဒီတော့မှသာ သူစိတ်လောနေကြောင်း သတိထားမိပြီး သူ့စိတ်ကို ငြိမ်အောင်ပြန်ထိန်းလိုက်သည်။

'ငါ့သားကို မောင်းမဆောင်ကြီး ဆောက်ပေးခဲ့မှ။ တစ်ယောက်တည်းဆိုရင် ဝမ်းနည်းဖို့ကောင်းတယ်။'

အချိန်တော်တော်ကုန်သွားပြီးနောက်တွင် နှစ်ယောက်သား တောင်ခြေကိုရောက်ခဲ့ပေပြီ။ လင်းမိုက သူ့ကိုတစ်ချိန်လုံး ကုန်းပိုးလာရတာတောင် ပင်ပန်းသည့်ဟန် တစ်ချက်မပြပေ။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now