အခန်း(၁၇)

18.9K 3.3K 51
                                    

[Zawgyi]

{မယားလောင်းမှသည်ရန်သူအဖြစ်သို့...}

လင်းမို အသုဘအိမ်ကိုမရောက်မချင်း မရပ်မနားပြေးလာခဲ့သည်။ အရေးအကြီးဆုံးက ရုံရှင်းရဲ့ဒဏ်ရာကိုသန့်စင်ပေးဖို့နဲ့ အဆိပ်ဖြေဖို့ပင်။

လင်းမို အသုဘအိမ်၏တံခါးကို ခြေနှင့်ကန်ဖွင့်လိုက်သည်။ အိမ်ထဲမှာရှိနေကြသူများ၏အကြည့်တို့က လင်းမိုထံကျရောက်လာသည်။ ထို့နောက် လင်းမို၏ရင်ခွင်ထဲမှ သွမ့်ရုံရှင်းထံသို့။

"ပြောပါတယ်။ မင်းတို့ မနိုင်ပါဘူးလို့။"

လူကြီးတစ်ယောက်က မကျေမနပ်ဆိုသည်။ သို့သော် သွမ့်ရုံရှင်းကို စိတ်ပူဟန်မပြပေ။ ပူနေစရာလား? သူတို့နဲ့မှမဆိုင်တာ။ ကိုယ့်ဘာသာအတင်းတွေရင်ဆိုင်ချင်နေတာကို။

လူတစ်ယောက်လုံး အသက်အန္တရာယ်ရှိနေတာကိုမြင်တာတောင်မှ စိုးရိမ်ဟန်မပြဘဲအပြစ်တင်နေသေးသည့်လူများ၏ဟန်ကြောင့် လင်းမို လူသတ်ချင်စိတ်တို့ပေါ်လာရသည်။ အသက်စွန့်ပြီးကူညီပေးတာကိုမှမထောက်။ ရုံရှင်းသာတစ်ခုခုဖြစ်ရင် ခင်ဗျားတို့တစ်အိမ်လုံး မြစ်ဝါမြစ်ကိုကူးဖို့ပြင်ထား!

"ပါးစပ်ပိတ်ပြီး ကျုပ်ခိုင်းတာကိုလုပ်။ မဟုတ်ရင် ခင်ဗျားတို့ နောက်ရက်နေထွက်တာကို မြင်ရမယ်မထင်နဲ့!"

လင်းမိုက အားလုံးကိုဝေ့ကြည့်ကာ အေးစက်စွာဆို၏။ အသက်နှင့်ခြိမ်းခြောက်ခံလိုက်ရသဖြင့် ထိုသူတို့မှာ လင်းမိုကိုစောဒကမတက်ရဲတော့ဘဲ သူခိုင်းသမျှကို လျင့်မန်စွာလုပ်ပေးကြလေ၏။

လင်းမို သွမ့်ရုံရှင်းကို ရေနွေးစည်ပိုင်းထဲထည့်လိုက်သည်။ သွမ့်ရုံရှင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းလျက်ရှိသည်။ ကျောက်စိမ်းကဲ့သို့ကြည်လင်နေသောအသားအရည်နှင့်ခန္ဓာကိုယ်က ရေငွေ့တို့ကြောင့် အနည်းငယ်ဝေဝါးနေ၏။ ဘယ်ဘက်ပခုံးထက်ရှိဒဏ်ရာသည်တော့ ညိုမည်းလို့နေ၏။ လင်းမိုက သူပါ စည်ပိုင်းထဲဝင်ထိုင်လိုက်ကာ သွမ့်ရုံရှင်း၏နောက်ကျောကို လက်ဖြင့်ထိကပ်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် စည်ပိုင်းထဲရှိရေတို့က တဖြည်းဖြည်းမည်းနက်လာသည်။ ပြီးနောက် လင်းမိုက သွမ့်ရုံရှင်းကို နောက်ထပ်ရေသည်တစ်ခုဆီရွှေ့ပြောင်းပြန်သည်။ ထိုရေစည်ထဲမှရေတို့သည်တို့ အေးစက်လို့နေ၏။ ဤနည်းအတိုင်း ရေနွေးတစ်လှည့် ရေအေးတစ်လှည့်ဖြင့် အဆိပ်တို့ကိုထုတ်ပြီးနောက်မှာတော့ သွမ့်ရုံရှင်း၏ဒဏ်ရာသည် မည်းနက်နေခြင်းမရှိတော့။ အဆိပ်တို့ကုန်စင်သွားသည့်နောက်တွင်မူ လင်းမိုက ဒဏ်ရာမှအသားစများကို ကပ်ကြေးဖြင့်ညှပ်သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ