[Zawgyi]
{ဝင်္ကပါတောအုပ်}
လင်းမို၏ ကျောပြင်ကို ကြည့်ရင်း သွမ့်ရုံရှင်း စိတ်အညစ်ကြီးညစ်နေတော့သည်။
ဘာလို့လဲ!? ဘာလို့ သူမှလဲ? ယောက်ျားလေးတွေကို သဘောကျရင်တောင် တစ်ခြားယောက်ျားလေးကို သဘောကျလို့မရဘူးလား?
"Hostက ဘာဖြစ်လို့စိတ်ညစ်နေတာလဲ? အမှန်ဆို Hostရဲ့ ခြေသလုံးဖက်မယ့် အစီအစဉ်ကြီးလည်း အောင်မြင်သွားပြီလေ။ ပြီးတော့ missionလည်း အောင်မြင်ပြီ။"
"မင်းပြောတော့ လွယ်တာပေါ့ကွ။ ငါ ဒီmissionကို ဘာကြောင့်လုပ်တာလဲဆိုတာ မင်းသိသားနဲ့။"
"Hostရဲ့ ကမ္ဘာကို ပြန်သွားချင်လို့လေ။ သိသားပဲ။ ဘာဆိုင်လို့လဲ?"
"ဆိုင်တာပေါ့။ ငါက ငါ့ကမ္ဘာကိုပြန်သွားချင်တာ။ ပြန်သွားဖို့အတွက် missionအောင်မှရမယ်။ ဒါပေမယ့် ငါသာ လင်းမိုကို ပြန်ကြိုက်လိုက်ရင် ငါ့ကမ္ဘာကို ဘယ်လိုလုပ်ပြီး ပြန်လို့ရတော့မှာလဲ? အရေးအကြီးဆုံးအချက်က ငါက ဂေးမဟုတ်ဘူး။"
"အာ...ကျွန်တော် အဲ့ဒါကို မတွေးလိုက်မိဘူး။ ဒါပေမယ့် Hostကိုလည်း နားမလည်နိုင်ဘူး။ Hostရဲ့ ကမ္ဘာက Hostအတွက် ဘာတွေများကောင်းနေလို့ ပြန်သွားချင်နေရတာလဲ? ဂရုစိုက်မယ့်သူမရှိ၊ သံယောဇဉ်တွယ်စရာလူမရှိ။"
လင်းမော့ သူ့Hostရဲ့ဘဝကို ကြည့်ပြီးသွားပြီဖြစ်၏။ သူ့Hostရဲ့ ဘဝက တကယ်ကို ဆိုးရွားစုတ်ပြတ်လွန်းသည်။ ကြည့်နေရင်း သူတောင် Hostကို သနားလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုမိသေးသည်။
မွေးကတည်းက မိဘနှစ်ပါး၏ ငြူ စူခြင်း ခံခဲ့ရသောကလေး...။ သားကလေးရယ်လို့ အဖေရော အမေပါ ထွေးထွေးပိုက်ပိုက်မရှိ။ အမေ့ဗိုက်ထဲက ထွက်ပါပြီဆိုကတည်းက ကလေးထိန်းလက်ပေါ်မှာကြီးခဲ့ရသည်။ ကလေးထိန်းက Hostအပေါ်မှာ ကောင်းလားဆိုတော့ မကောင်း။ မိဘအရင်းတွေကပါ ဂရုမစိုက်မှတော့ ဘယ်သူက လာပြီးကောင်းဦးမှာလဲ?
နောက်ပြီး သိတတ်စအရွယ်မှာ မိဘနှစ်ပါးကွာရှင်းကြပြန်သည်။ ဘယ်သူကမှ ဒီကလေးကို သူတို့နဲ့လိုက်နေပါလားမခေါ်။ ကလေးထိန်းနှင့်ပဲ ပစ်ထားက ဘဏ်အကောင့်ထဲ သုံးမကုန်သောငွေတွေထည့်ပေးကြသည်။ သူတို့ကတော့ နောက်အိမ်ထောင်တွေထူကာ သာသာယာယာ။ ဒါကို ဘာလို့ ပြန်သွားချင်နေသေးတာလဲဆိုတာ သူလုံးဝနားမလည်နိုင်တော့ပေ။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies