အခန်း(၅၁)

9.2K 1.5K 13
                                    

[Zawgyi]

မွေးစားဖေဖေက သူ့ကိုရှာနေမှန်းသိသော်လည်း လင်းမော့မပြန်ချင်သေး။ သို့ပါသော်လည်း သူ့ကိုမတွေ့သည်ကြောင့်စိတ်ပူနေမည်ကိုတွေးကာ လေးကန်စွာဖြင့်ထရပ်သည်။ သူပြန်ရောက်လျှင်ရောက်ချင်းမှာပင် မွေးစားဖေဖေ၏ တင်းကြပ်စွာပွေ့ဖက်ထားခြင်းကိုခံလိုက်ရသည်။

"လူကို စိတ်ပူအောင်မလုပ်လို့မရဘူးလား?"

ယွဲ့ယွမ်ရှီး၏ စိုးရိမ်ခြင်းယှက်သန်းနေသောလေသံ။ မွေးစားဖေဖေကို တစ်ခြားသူတွေဘယ်လိုမြင်ကြမှန်းမသိသော်လည်း သူ့အတွက်တော့ မွေးစားဖေဖေသည် Hostပြီးလျှင်အရင်းနှီးဆုံးသောသူ။ သူစိတ်ထင်တာလားပင်မသိသော်လည်း မွေးစားဖေဖေ၏သူ့အပေါ်ဆက်ဆံပုံများမှာ တစ်ခြားသူများနှင့်မတူဟု လင်းမော့ထင်မိသည်။

"စိတ်မကောက်နဲ့တော့။ မွေးစားဖေဖေက မင်းကိုအထင်သေးတာမဟုတ်လို့...။ ဒီအတိုင်း...။"

လင်းမော့ထံမှ ပြန်ဖြေသံမကြားတော့ ယွဲ့ယွမ်ရှီးကဆက်ပြောသည်။ မင်းမရှိရင် တစ်ခုခုလိုနေသလိုဖြစ်နေတတ်လို့ မလိုက်စေချင်တာဟူသည့်စကားကိုတော့ ယွဲ့ယွမ်ရှီးမပြောဖြစ်လိုက်ပါ။ ဤကလေးငယ်အား သူသံယောဇဉ်တွယ်မိပြီထင်သည်။ သူ့တပည့်များအပေါ်ရှိသည့်သံယောဇဉ်နှင့်လည်းတူမနေ...။ ရေရေရာရာမပြောတတ်သည့်ခံစားမှုတစ်ခုပင်။

"ကျွန်တော်သိပါတယ်။ စစ်ထျန်းတောင်မှာ မွေးစားဖေဖေတစ်ယောက်တည်းပျင်းကျန်ခဲ့မှာစိုးလို့မလား? စိတ်ချပါ...အရင် ကျွန်တော်မရှိခင်တုန်းက မွေးစားဖေဖေရဲ့တပည့်တွေခရီးသွားရင် မွေးစားဖေဖေတစ်ယောက်တည်းနေခဲ့ရတတ်ပေမယ့် အခုကစပြီး ကျွန်တောလင်းမော့က မွေးစားဖေဖေကိုအဖော်လုပ်ပေးတော့မှာ။"

လင်းမော့က ရင်ကော့ကာပြောရင်း ယွဲ့ယွမ်ရှီးပုခုံးကို ခပ်ဖွဖွပုတ်၏။ နေခြည်ဖျဖျနွးထွေးနေခဲ့သလို လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာသည်လည်း နွေးထွေးနေခဲ့ပါ၏။
......
ဖျတ်ကနဲပွင့်လာသော ဝေကွမ်း၏မျက်လုံးအစုံမှာ နီရဲလို့နေသည်။ ခုတင်ပေါ်မှထကာထွက်သွားပုံမှာ စိတ်ဝိဥာဉ်လွင့်နေသူတစ်ဦးပမာ...။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now