အခန်း(၂၄)

18K 3K 72
                                    

[Zawgyi]

{အသက်ကြီးတဲ့လူတွေကိုသဘောမကျဘူး}

"လင်းကောကလည်း၊ ကျွန်တော့်ဒဏ်ရာကို လင်းကောဂရုစိုက်ပေးနေတယ်ဆိုပေမယ့် လင်းကောက သမားတော်မှမဟုတ်တာ။ မိန်းကလေးချင်းစုက ဆေးပညာကို နည်းနည်းပါးပါး နားလည်တယ်။ နားလည်တဲ့သူဆိုတော့ ပိုကောင်းတာပေါ့။ မျက်မှောင်ကြီးကုတ်မထားနဲ့။"

ပါးစပ်ကလည်း ပြေရာပြေကြောင်းပြောရင်း သူ လင်းမိုရဲ့ တွန့်ကုတ်နေတဲ့ မျက်မှောင်ကို လက်ခလယ်နဲ့ လက်မသုံးပြီး ဖြေလျှော့ပေးလိုက်သည်။ လင်းမို မျက်မှောင်ကုတ်နေတိုင်း သည်လိုပဲလုပ်ပေးနေကြမို့ သွမ့်ရုံရှင်းက ဒါကို ထူးဆန်းသည်ဟုနည်းနည်းမှမထင်ပေ။

"အဲ့ဒါဆို မြို့ထဲက သမားတော်သွားရှာမယ်။"

သွမ့်ရုံရှင်း၊ ချင်းစု : .....

အစ်ကိုကြီးလင်းရေ!! ကျွန်တော်မျိုးကြီးရဲ့ missionပြီးမြောက်ဖို့ ဒါလေးတစ်ခုလောက် မလိုက်လျောနိုင်ဘူးလား? ဟင်...ဟင်။ အစ်ကိုကြီးရဲ့မိန်းမက ကျွန်တော့်ကိုဆေးပဲကုပေးမှာပါ။ ဒီလောက်ကြီး သဝန်မတိုပါနဲ့။

သူ့Hostရဲ့ အတွေးတွေကို ဖတ်နေရတဲ့ Systemလေး လင်းမော့ခမျာမှာတော့ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး သတ်သေချင်နေပြီ။ လွဲနေပြီ။ လွဲတာမှ အကြီးကြီးကို လွဲနေပြီ။ Hostအပေါ် အထင်ကြီးထားသမျှ ကုန်ပါပြီ။

မျက်နှာငယ်လေးဖြစ်သွားတဲ့ သွမ့်ရုံရှင်းကို ကြည့်ပြီး လင်းမိုသနားသွား၏။ သို့ဖြင့် နောက်ဆုံး၌ သဘောမတူချင်တူချင်နဲ့ တူလိုက်ရပြီး သွမ့်ရုံရှင်းနဲ့ ချင်းစုတို့နောက် ပါသွားတော့သည်။

သွမ့်ရုံရှင်းရဲ့ဒဏ်ရာကို သေချာကြည့်နေတဲ့ ချင်းစုကိုကြည့်ပြီး လင်းမို အဲ့ဒီမိန်းမရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်လာသည်။ ယောက်ျားလေးတစ်ယောက်ရဲ့ကိုယ်ကို အဲ့လောက်ကြည့်နေစရာလိုလို့လား? တွေ့သမျှ မိန်းမတွေအကုန် ဘာလို့ရှောင်ရှင်းကို သူ့ဆီကနေ လုချင်နေရတာလဲ? ဖြစ်နိုင်ရင် ရှောင်ရှင်းကို ဘယ်သူမှမတွေ့အောင် သူ့နှလုံးသားရဲ့ ဟိုးအောက်ဆုံးမှာ ဖွက်ထားချင်မိသည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now