[Zawgyi]
စုမေလျန် သူမဆရာခူးခိုင်းထားသည့် ဆေးပင်ခူးရန်ထွက်လာလိုက်သည်။ ရဗားပါးဆေးပင်ဖြစ်ကာ တောနက်ထဲတွင်သာပေါက်သည်မို့ တောနက်သည်ထက်နက်အောင်တိုးဝင်လိုက်သည်။ မကြာပါ...သူမဆရာလိုချင်သော နှင်းပုလဲဆေးပင်အား တောင်စောင်းတစ်ခုတွင်ပေါက်ရောက်နေသည်ကိုတွေ့လိုက်ရသဖြင့် လေပေါ်ပျံတက်ကာ ခူးလိုက်သည်။
ဆေးပင်ကိုရပြီး ပြန်မည်ပြုတော့မှ သူမ လမ်းပျောက်ကာ တဝဲလည်လည်ဖြစ်နေတော့၏။ စိတ်မှန်းနှင့်လျှောက်သွားနေရင်းမှ ရုတ်တရက် ပြင်းထန်လွန်းလှသောမိစ္ဆာနံ့ကို သူမအာရုံခံလိုက်မိတာကြောင့် မျက်ခုံးတို့တွန့်ချိုးသွား၏။
'ထူးဆန်းတယ်။ အစွမ်းထက်တဲ့ မိစ္ဆာအားလုံးနီးပါး တိုက်ပွဲထဲမှာသေသွားပြီမဟုတ်ဘူးလား? ကျန်တဲ့မိစ္ဆာတွေကိုလည်း နယ်နမိတ်စည်းထဲပို့ပြီး ချိတ်ပိတ်ထားပြီလေ။ ဘာလို့ လူသတ်ငွေ့အရမ်းပြင်းလွန်းတဲ့မိစ္ဆာနံ့ရှိနေရတာလဲ?'
သူမ တွေးရင်း မိစ္ဆာနံ့နောက်လိုက်လာလိုက်သည်။ သို့သော်လည်း အနှီမိစ္ဆာနံ့မှာ တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားလေ၏။ သူမ သတိကြီးစွာထားရင်း ရှေ့သို့လျှောက်သွားရာ ဂူပေါက်တစ်ခုကို တွေ့လိုက်ရသည်။ မိစ္ဆာမှာ ဂူထဲတွင်ရှိရမည်ဟုတွေးရင်း ဝင်သွားလိုက်သော်လည်း သူမတွေ့လိုက်ရသည်က လဲကျနေသော လူတစ်ယောက်ကိုသာ။ ထိုလူ့အနီးတွင် ပျံ့ကြဲနေသောဆေးပင်များနှင့် တောင်းတစ်လုံးရှိနေ၏။
သူမ ထိုသူ့အနီးသို့တဖြည်းဖြည်းချဉ်းကပ်သွားသော်လည်း ထိုလူကတော့ တုတ်တုတ်မှမလှုပ်ပါချေ။ လူတစ်ယောက်ဆိုတာ သေချာပြီဆိုတော့မှ သူမထိုသူ့နှာခေါင်းဝနား လက်ထားကာ အသက်ရှူ ၊မရှူ စမ်းကြည့်လိုက်သည်။ အသက်ရှူ နေသေးသဖြင့် သူမ လူစိမ်းကိုလှုပ်နှိုးလိုက်သည်။
"ဟေး...ဒီမှာ..ရှင် သတိထားပါဦး။"
ပါးကိုခပ်ဖွဖွပုတ်ကာနှိုးလိုက်သော်လည်း လူစိမ်းမှာနိုးမလာ။ ဘာဖြစ်ဖြစ်ဆိုပြီး ထားခဲ့ရန်ပြင်သော်လည်း လူတစ်ယောက်ပြောခဲ့သောစကားကိုသတိရသွားသဖြင့် ပြန်လှည့်ကာ ထိုင်ချလိုက်ပြီး အနားတွင်ပျံ့ကြဲနေသော တောင်းနှင့်ဆေးပင်များကို ကောက်ယူကာစုလိုက်သည်။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies