[Zawgyi]
"လင်းမို။"
နောက်နားမှခေါ်သံကြောင့် လင်းမိုထိုင်နေရာမှမထဘဲ လှည့်ကြည့်တော့ ရှောင်ရှင်းနှင့်ရင်းနှီးလွန်းသဖြင့် သူအမြင်မကြည်သည့်လင်းမော့။ ခေါ်ပုံကိုက ထောင့်မကျိုး။ သူ့ထက်ဆယ်နှစ်ကျော်ကြီးသည့်သူ့ကိုခေါ်ပုံက လင်းမိုတဲ့။ ဘာလဲဟူသည့်ပုံစံဖြင့် မေးဆတ်လိုက်တော့ ရယ်ကျဲကျဲဖြင့် စာအုပ်တစ်အုပ်ထုတ်ပေးလာသည်။
"ငါက ဘာလုပ်ရမှာလဲ?"
သူ့အမေးကြောင့် လင်းမော့ မကျေမနပ်ဖြစ်သွားသည်။ သူကဖြင့် ဈေးကြီးပေးပြီးဝယ်လာပေးရတဲ့ဟာကို။ အင်း...ပိုက်ဆံက သူ့ပိုက်ဆံမဟုတ်ပေမယ့်လို့ပေါ့။
"စာအုပ်ပါဆို...စာဖတ်ဖို့ပေါ့ဗျ။ ယူမှာလား၊ မယူဘူးလား?"
မကျေမနပ်ဖြင့်ပြောလာသည့် လင်းမော့ကို လင်းမို မသင်္ကာသလိုကြည့်ကာ ကမ်းပေးနေသောစာအုပ်ကိုဆွဲယူကာ ဖွင့်ဖတ်ကြည့်လိုက်သည်။ အထဲမှာရေးထားသည်များက အမျိုးသားနှစ်ယောက်၏အိပ်ယာပေါ်ကကိစ္စများ။ အချို့ဆိုလျှင် ပုံများပင်သေချာဆွဲပေးထားသေး၏။ လင်းမိုမှာ နားရွက်ဖျားနှစ်ဖက်ရဲတက်လာပြီး စာအုပ်ကို ချက်ချင်းပြန်ပိတ်လိုက်လေ၏။ ပြီးနောက် လင်းမော့ထံသို့ အကြည့်စူးစူးများပို့လွှတ်လိုက်သည်။
"မင်း!"
လင်းမော့ တစ်ခုခုပြောရန်ပြင်နေစဉ်မှာပင် အသံတစ်သံက ဝင်နှောင့်ယှက်လာသည်။
"လင်းကော..!"
လင်းမော့က စပ်ဖြဲဖြဲနှင့် လှစ်ကနဲပြေးထွက်သွားလေ၏။ လင်းမိုမှာ စာအုပ်ကြီးကိုင်လျက် ကြောင်နေမိပြီးမှ အနှီစာအုပ်ကို အနားရှိခြုံပုတ်တစ်ခုထဲ ပစ်ထည့်လိုက်သည်။ ဒါကို ရှောင်ရှင်းတွေ့သွား၍မဖြစ်ပါ။
"လင်းကောက ဒီမှာကိုး။ ဘာလို့ ကျွန်တော်ခေါ်နေတာ မထူးတာလဲ?"
လင်းမို၏ပုံစံမှာ တစ်ခုခုကိုလျှို့ဝှက်ထားသည်နှင့် တူနေသည်။ သွမ့်ရုံရှင်း လင်းမိုကို လေ့လာနေဆဲမှာပင် လင်းမိုက မြက်ခင်းပြင်ပေါ်တွင် လှဲအိပ်လိုက်ပြီး သွမ့်ရုံရှင်းကို သူ့ဘေးနားလာအိပ်ဟူသည့်ပုံစံဖြင့် ဘေးနားမှနေရာအလွတ်ကို ပုတ်ပြလာသည်။ သွမ့်ရုံရှင်းလည်း လင်းမိုဘေးနားတွင် ဝင်လှဲလိုက်သည်။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies