အခန်း(၅၄)

9.1K 1.5K 45
                                    

[Zawgyi]

တစ်လ....။ တစ်လဟူသောအချိန်သည် ဘာမှမကြာလိုက်။ မင်္ဂလာဆောင်အတွက် ဖိတ်စာများရေးသားရင်း၊ ဖိတ်ကြားမည့်ဧဗည့်သည်များကိုစာရင်းပြုစုရင်းဖြင့် အချိန်တို့သည် ကုန်မှန်းမသိကုန်ခဲ့၏။ မူလက မင်္ဂလာဆောင်မည့်နေရာကို စစ်ထျန်းတောင်ပေါ်၌သာလုပ်ရန်ရည်ရွယ်ထားသော်လည်း မြို့ထဲရှိသာမန်ပြည်သူများလည်း လာကြည့်နိုင်စေရန်ရည်ရွယ်လျက် တောင်အောက်တွင်ပြုလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။

လင်းမိုနှင့်သွမ့်ရုံရှင်းတို့၏မင်္ဂလာဆောင်မှာ စည်ကားနေ၏။ သတို့သားနှစ်ဦးကမူ  ယခုထိလူလုံးထွက်မပြသေး။ လူစုံသလောက်ရှိမှသာ သူတို့ထွက်လာကြသည်။ နီစွေးစွေးမင်္ဂလာသတို့သားဝတ်ရုံကိုဝတ်ဆင်ထားကြသော အမျိုးသားနှစ်ဦးမှာ လိုက်ဖက်ညီလှ၏။ သွမ့်ရုံရှင်းရှေ့မှလွဲ၍ အခြားသူများရှေ့တွင်ပြုံးခဲသော လင်းမိုသည်ပင်လျှင် နူးညံ့စွာပြုံးနေ၏။ သူ့မျက်ဝန်းအကြည့်တို့ကမူ သူ့ဘေးတွင်ရပ်နေသော အနီရောင်သတို့သားဝတ်စုံနှင့်ချောမောနေသော လူသားထံတွင်သာတည်၏။

"ဂုဏ်ယူပါတယ်။ ကျွန်တော့်ဆီက ဂုဏ်ပြအြရက်ကိုလက်ခံပေးပါ သွမ့်ရုံရှင်း။"

ဝေကွမ်းက သူတို့ထံ အရက်ခွက်နှစ်ခွက်ကိုင်၍လျှောက်လာကာ သွမ့်ရုံရှင်းထံတစ်ခွက်ကမ်းပေး၏။ သွမ့်ရုံရှင်းထံသူကမ်းပေးသောခွက်မှာ လင်းမို၏ကြားဖြတ်ယူသွားခြင်းကိုခံလိုက်ရသည်။

"ရှောင်ရှင်းအစား ငါကပဲလက်ခံပေးပါ့မယ်။"

လင်းမို ဝေကွမ်းကိုသိပ်မသင်္ကာသဖြင့် ခွက်ကိုဖြတ်ယူကာ ပြောလိုက်သည်။ ဝေကွမ်းက မည်သည့်အမူအရာမှမပြ။ ရယ်ကာမောကာဖြင့် သူတို့ရှေ့မှာပင် အရက်တစ်ခွက်ထပ်ထည့်ကာ သွမ့်ရုံရှင်းကိုထပ်မံကမ်းပေးသည်။

"ဒါဆိုလည်း နှစ်ယောက်လုံးအတွက်...။"

ဤတစ်ကြိမ်တွင်တော့ သူ့ရှေ့မှာပင်အရက်ထည့်တာဖြစ်ပြီး မသင်္ကာစရာတစ်ခုမှမတွေ့သဖြင့် လင်းမိုမတားတော့။ ဝေကွမ်းသည်ကား ဂုဏ်ပြုအရက်တိုက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာသွား၏။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now