Facts

13.8K 1.8K 58
                                    

[Zawgyi]

အိုင့်ညံ့ဖျင်းမှုကြောင့် ဇာတ်လမ်းထဲမှာ ကောင်းကောင်းမွန်မွန် ဖော်ပြနိုင်ခြင်းမရှိခဲ့တာတွေနဲ့ ရေးနေတုန်းအတွေးတွေကို factsအနေနဲ့ ရေးပြခြင်းဖြစ်ပါတယ်။

(၁) လင်းမိုဟာ တကယ်တော့ လူတွေကိုရွံကြောက်ဖြစ်နေတာပါ။ ငယ်ငယ်တည်းက အငတ်ဘေးမှာအမေရင်းရဲ့စွန့်ပစ်မှုကိုခံခဲ့ရသူဖြစ်တဲ့အတွက် သူ ဘယ်သူ့ကိုမှတော်ရုံမယုံပါဘူး။ ယွဲ့ယွမ်ရှီးနဲ့မော့ယွီရှင်းကသာ သူယုံကြည်ရတဲ့လူတွေဖြစ်ပါတယ်။

(၂) လင်းချန်ဟာ ဇာတ်လိုက်မယားလောင်းနံပါတ်တစ်ဆိုပေမယ့် လျာထားစာရင်းထဲကနေ အလိုလိုပြုတ်သွားပါတယ်။ လင်းချန်အနေနဲ့ လင်းမိုကို ချစ်မိသွားခြင်းဟာ ပေ့ဝူမြို့ကို ခရီးအတူထွက်ခြင်းကစတင်တာဖြစ်ပြီး မသွားရတော့တဲ့အတွက် မယားလောင်းနေရာကနေ မော့ယွီရှင်းက ပယ်ချလိုက်တာပါ။

(၃) လင်းမိုနဲ့ လင်းချန်ဟာ လင်းမျိုးနွယ်နာမည်ချင်းတူပေမယ့် ဘာဆွေမျိုးနီးစပ်မှမတော်ပါဘူး။(အမျိုးတွေလို့ထင်နေမှာစိုးလို့)

(၄) လင်းမိုတစ်ယောက် သွမ့်ရုံရှင်းကို စပြီးစိတ်ဝင်စားသွားတာ သွမ့်ရုံရှင်းသူ့ကိုထိလိုက်တဲ့အချိန်တည်းကပါ။ သွမ့်ရုံရှင်းရဲ့အထိအတွေ့ကို သူလက်ခံနိုင်တာကြောင့်ရော၊ သူ့အပေါ်ယုံကြည်နေမိတဲ့စိတ်ကြောင့်ရောပါ။

(၅) မော့ယွီရှင်းမှာ အကျင့်တစ်ခုရှိပါတယ်။ သူစဉ်းစားခန်းဝင်နေတဲ့အချိန်(သို့)စိတ်ကြည်နေတဲ့အချိန်မျိုးမှာ တစ်ခုခုကို ကိုက်ထားတတ်တာပါ။ သူကိုက်ရတာ အကြိုက်ဆုံးကတော့ မြက်ပင်ပိစိနဲ့ဝါးကိုင်းပိစိတွေပါပဲ။

(၆) System ရဲ့နာမည်က fandom nameဖြစ်ပြီး ဥက္ကဌဟာလည်း Systemပါပဲ။

(၉) ဇာတ်လိုက်မယားလောင်းနံပါတ်သုံးကလွဲရင် တစ်ခြားသောဇာတ်လိုက်မယားလောင်းတွေဟာ ဇာတ်လိုက်နဲ့တောင် တွေ့ခွင့်မရလိုက်ကြပါဘူး။

(၁၀) စုမေလျန်က သွမ့်ရုံရှင်းကိုသူ့တစ်သက်လုံးချစ်သွားခဲ့ပါတယ်။

(၁၁) မော့ယွီရှင်း ဝိဥာဉ်ဖြစ်သွားတဲ့အချိန်တွေတုန်းက တစ်ခါတစ်လေမှာ လင်းမိုက မော့ယွီရှင်းကိုခံစားမိပါတယ်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now