အခန်း(၂၉)

17.4K 2.9K 14
                                    

[Zawgyi]

{အသွင်ပြောင်းမိစ္ဆာတို့နှင့်တွေ့ဆုံခြင်း}

နောက်တစ်နေ့ မနက်လင်းလို့ သွမ့်ရုံရှင်းနိုးလာတော့ လင်းမိုက ဘယ်ကိုသွားပြီး ဖမ်းလာမှန်းမသိသည့် တောကြက်တစ်ကောင် ကင်ပြီးပြီ။ အနံ့က နှာခေါင်းဝကို လာရောက်ကျီစယ်တာကြောင့် ဗိုက်က ပိုဆာလာသလိုရှိ၏။ နှုတ်ခမ်းသပ်၊ ဗိုက်လေးပွတ်ကာ သူ့အနားရောက်လာသော ဆရာတူညီငယ်ကိုကြည့်ပြီး လင်းမိုရယ်မိသည်။ ပြီးတော့ ကြက်ကင်ဆီလှမ်းနေတဲ့လက်ကို တုတ်နဲ့ရိုက်ချလိုက်ရင်း ပြောလိုက်သည်။

"ဘာလုပ်တာလဲ? မျက်နှာတောင် မသစ်ရသေးဘဲ။ သွား..ဟိုဘက်နားမှာ စမ်းချောင်းတစ်ခုရှိတယ်။ မျက်နှာသစ် ၊ သန့်ရှင်းပြီးမှ လာခဲ့ ညစ်ပတ်တုံးလေး။"

သွမ့်ရုံရှင်း လင်းမိုကို မကျေမနပ်နှင့်မျက်စောင်းထိုးကာ ကြက်ကင်ကို သံယောဇဉ်မပြတ်နိုင်စွာလှည့်ကြည့်ရင်း လင်းမိုညွှန်ပြရာဘက်သို့ သွားရချေသည်။ သွမ့်ရုံရှင်း ခပ်မြန်မြန်မျက်နှာသစ်သန့်စင်ပြီိး လင်းမိုရှိရာဆီ ဒရောသောပါးပြေးလာခဲ့သည်။ ဗိုက်ဆာလှပြီကိုး...။

လင်းမို ပေးသည့် ကြက်ပေါင်ကို အားရပါးရကိုက်ရင်း လင်းမိုကို အကဲခတ်မိတော့ ကိုယ်တော်ချောက သူစားနေတာကို ပြုံးပြုံးကြီးကြည့်နေသဖြင့် နင်တောင်နင်သွားရသည်။ သူနင်သွားတော့ လင်းမိုက ကျောကိုထုပေးရင်း ရေတစ်ခွက်ကမ်းပေးလာသည်။

"ရော့..ရေသောက်လိုက်။ ဖြည်းဖြည်းစားပါ။ ရှောင်ရှင်းဆီက ဘယ်သူမှလုမစားဘူး။ ဘယ်လိုတောင် နင်အောင်စားရတာလဲ?"

ရေကို အငမ်းမရသောက်ရင်းမှ လင်းမိုကို သွမ့်ရုံရှင်းမျက်စောင်းထိုးသည်။ တစ်ခုခု မကျေမနပ်ဖြစ်တိုင်း လင်းမိုကိုမျက်စောင်းထိုးတတ်သည်မှာ သွမ့်ရုံရှင်းအတွက် အကျင့်လိုဖြစ်နေချေသည်။ သည်မျက်စောင်းက လင်းမိုကို ကလိကလိဖြစ်အောင်လုပ်နေတာ သူမသိ။

"လင်းကောက...ကျွန်တော်စားနေတာကို ကြည့်နေတာကိုးဗျ။ ခင်ဗျားမစားဘူးလား?"

ကိုက်လက်စ ကြက်ပေါင်ကို သူ့ရှေ့ထိုးပေးတော့ လင်းမိုက ရယ်သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now