[Zawgyi]
"လင်းမော့...မင်းမညစ်ပတ်နဲ့နော်!"
ရုတ်တရက်ထွက်လာသော သွမ့်ရုံရှင်းလေသံက စိတ်တိုနေပုံပေါ်သည်။ မရှေးမနောင်းမှာပင် လင်းမော့၏ ညစ်ကျယ်ကျယ်အသံထွက်ပေါ်လာသည်။
"ရှင်းကိုကိုကလည်း...ကိုယ့်ဘာသာအရည်အချင်းမရှိတာကို။ ကျွန်တော်ညစ်ပတ်တာမှမဟုတ်ဘဲ။"
"ဘာအရည်အချင်းမရှိတာလဲ။ လင်းမိုနဲ့ ကျားကစားတိုင်း ငါနိုင်နေကျ။"
'ဇာတ်လိုက်ကိုတောင်နိုင်တာ ငါလေးက ကျားကစားတဲ့နေရာနှာ ထူးချွန်တဲ့လူဆိုတာ အသိသာကြီး။ မင်းလို Systemအစုတ်အပြတ်ကို ရှုံးစရာအကြောင်းကိုမရှိတာ။ ဒီတော့ ငါရှုံးတာမင်းညစ်လို့ပဲ။'
ဟူသည့် အမူအရာက သွမ့်ရုံရင်း၏မျက်နှာတွင် စာရေးကပ်ထားသလိုထင်းနေ၏။ ကိုယ်ရည်သွေးသံက အောင်နိုင်မှုအပြည့်။ သွမ့်ရုံရှင်း၏အဆောင်ထဲတွင် လင်းမော့နှင့်သွမ့်ရုံရှင်းတို့ ကျားကစားနေကြခြင်းဖြစ်ပါ၏။ လင်းမော့ကတော့ သူ့Host၏ ဘဝင်လေဟပ်ကာ မော်ချီနေသောမျက်နှာကိုကြည့်၍ ဗိုက်နှိပ်ကာ ခွက်ထိုးခွက်လန်ရယ်နေတော့သည်။
"မင်းက ဘာရယ်တာလဲ?"
တက်မတတ်၊ ချက်မတတ်ရယ်နေသည့် လင်းမော့ဟူသည့် မလောက်လေးမလောက်စားSystemကို မျက်မှောင်ကုတ်ကြည့်ကာ သွမ့်ရုံရှင်းမေးလိုက်သည်။ လူကောင်ကြည့်တော့ ခွေးပစ်တုတ်လောက်တောင်မရှိဘဲနဲ့များ...။
"လင်းမိုက တမင်အလျှော့ပေးထားတာ။ ဟိုက ရှင်းကိုကိုကိုချစ်လို့အလျှော့ပေးပေမယ့် ကျွန်တော်ကတော့ မတူဘူးနော်။"
"လင်းမော့!!"
သွမ့်ရုံရှင်း အော်ခေါ်လိုက်စဉ်မှာပင် အဆောင်တံခါးက ကျွီခနဲမြည်ကာ ပွင့်ဟလာလေ၏။ တံခါးဝမှာရပ်နေသူက လင်းမို။ သူက ရှောင်ရှင်းကို မင်းအနိုင်ကျင့်နေတာလားဟူသည့်အကြည့်စူးစူးတို့ဖြင့် လင်းမော့ကိုကြည့်နေသည်။ ဇာတ်လိုက်ကျော်ကြီး၏ အကြည့်များကိုခံစားမိသော လင်းမော့တစ်ယောက် ပခုံးသာတွန့်လိုက်မိသည်။
"လင်းကော...ရှောင်မော့မော့ကပြောတယ်။ လင်းကောက ကျွန်တော်နဲ့ကျားကစားတိုင်း ကျွန်တော့်ကို တမင်အလျော့ပေးတာဆို။"
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies