အခန်း(၇)

23.1K 3.9K 74
                                    

[Zawgyi]

{တောင်အောက်သို့ဆင်းကြပြီ}

စစ်ထျန်းတောင်မှာ အလွန်တရာမြင့်မားသော တောင်ထွတ်တစ်ခုဖြစ်ပေရာ တောင်ဆင်းတောင်တက်လုပ်လျှင် ဓားပျံစီးသွားခြင်းက ပိုမိုသင့်တော်သည်။ သို့သော်လည်း ယခုတော့ဖြင့် သွမ့်ရုံရှင်းမှာ လင်းမိုနှင့်အတူ ရှည်လျားများပြားလွန်းလှသော တောင်အဆင်းလှေကားထစ်များထက်၌ ခြေကျင်လျှောက်နေရလေသည်။

သွမ့်ရုံရှင်း ကိုယ်ထဲမှ မော့ယွီရှင်းမှာ အပျင်းထူသူတစ်ဦးဖြစ်သည်နှင့်အညီ ပင်ပန်းသည့်အရာဆို ဘယ်အရာမှမလုပ်ဘဲ သက်သာစွာနေတတ်သည့် လူမ်ျိုးဖြစ်၏။ ယခုမူ မလွှဲရှောင်သာ၍ လမ်းလျှောက်နေရပြီ ဖြစ်ချေရာ လူမှာ လမ်းလျှောက်နေရင်း ပျော့ခွေမသွားသည်ကပင် အတော်ဟုတ်နေချေပေပြီ။

လင်းမိုသည်ကား ဘာကိုအလိုမကျသည် မသိ။ မျက်မှောင်ကြီးကုတ်လျက် ခြေလှမ်းကြဲကြီးများဖြင့် လျင်မြန်စွာသွားနေလေရာ ငပျင်းလေး သွမ့်ရုံရှင်းမှာ မပြေးရုံတမယ် အမှီလိုက်နေရလေသည်။

"ဟောဟဲ...ဟောဟဲ...ခဏရပ်ဦးဗျ!"

နောက်ဆုံး၌ သွမ့်ရုံရှင်း သည်းမခံနိုင်တော့သဖြင့် အော်ဟစ်ကာ ရပ်ခိုင်းရတော့သည်။ သူတို့သုံးနာရီလောက် မနားဘဲလမ်းလျှောက်လာတာတောင် တောင်၏သုံးပုံတစ်ပုံမရောက်သေးချေ။ သွမ့်ရုံရှင်း အော်သံကြားသဖြင့် လင်းမိုလှမ်းလက်စ ခြေလှမ်းကိုရပ်ကာ နောက်သို့လှည့်ကြည့်သည်။

"နှေးလိုက်တာ။"

"အစ်က်ိုကြီးရဲ့ ဒီညီလေးက အစ်ကိုကြီးလို အပင်ပန်းမခံန်ုင်ဘူးဗျ။ ကျင့်ကြံဆင့်ပိုမြင့်ပြီး သက်လုံကောင်းတယ်ဆိုတိုင်း အငယ်ကို အနိုင်မကျင့်နဲ့။ ဟွန်း!!"

သွမ့်ရုံရှင်း မကျေမနပ်ဖြင့် နှာမှုတ်လိုက်ပြီး လှေကားပေါ်မှာပင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ စောစောက သူ့သားသားလေး တစ်ခုခုကို ဒေါသထွက်နေပုံရလို့ သူမပြောရဲဘဲ ကြိတ်မှိတ်သည်းခံလာတာ။ ခုတော့ ဒေါသထွက်ပြီး ရိုက်သတ်လည်း သတ်ပါစေတော့။ ဒီ့ထက်ပိုပြီး သူမလျှောက်နိုင်တော့ပေ။ ဘာကြောင့်အကြောင်းအရင်းမရှိဒေါသထွက်နေသလဲဆိုတာကိုလည်း သူအဖြေမရှာနိုင်ပြန်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now