[Zawgyi]
{ခရီးအတူတူထွက်ရမယ်}
[အဟမ်း! အဟမ်း! Host!! Systemပြန်ရောက်ပါပြီ။]
[အော်! သောက်System! အခုပြောတော့ ငါဘာလို့ ဝတ္ထုကမ္ဘာကို ရောက်လာတယ်ဆိုတာ။]
သွမ့်ရုံရှင်း ရုတ်တရက်ကြီးမပြောမဆိုပေါက်ချလာသောsystemကြောင့် ရှက်ရတာပင်ဖီးလ်ငုပ်သွားရသည်။
[ဒီလိုပါ။ Hostရဲ့ဇာတ်သိမ်းကို စာဖတ်တော်တော်များများက မကျေနပ်ကြဘူး။ အဲ့ဒါကြောင့် သူတို့ရဲ့ ဆန္ဒကိုဖြည့်ပေးဖို့ Hostကို ဒီဝတ္ထုထဲ ဆွဲသွင်းလိုက်ရတာပါ။]
[ငုံးဥပဲဟေး! ပြင်ပေးလို့ပြောလိုက်ရင် ဘာဖြစ်မှာကျနေတာပဲ။]
[Host အကျင့်ပုတ်တာ Systemသိတယ်။ ပြင်ပေးမှာလည်း မဟုတ်ဘဲနဲ့။]
['....' ထားပါတော့။ သူတို့ရဲ့ဆန္ဒက ဘာတဲ့လဲ။]
[အဓိဇာတ်လိုက်ကို ကြင်ဖက်ရှာပေးဖို့။]
[ဘာပြောလိုက်တယ်။ ဒင်းကိုကြင်ဖက်ရှာပေးမယ့်အစား ငါကျားဖင်ပဲ ပြေးနှိုက်မယ်။]
[ဒီတာဝန်ကို မလုပ်ဆောင်နိုင်ရင် Hostအနေနဲ့ မူလကမ္ဘာကို ပြန်သွားနိုင်မှာ မဟုတ်တော့ဘူးနော်။]
[ဒါဆို ငါ မသေသေးတာလား?]
[ဟုတ်ပါတယ်။]
[ဒီတော့ကာ ငါ့သားလေးကို မိန်းမရှာပေးနိုင်ရင် ငါ့တာဝန်ပြီးပြီပေါ့။]
[မိန်းမရယ်လို့လည်းမဟုတ်ပါဘူး။့ ကင်ဖက်တစ်ယောက်ယောက်ဆို ဖြစ်ပါတယ်။]
system၏အဖြေစကားကြောင့် သွမ့်ရုံရှင်း မျက်မှောင်ကုတ်သည်။ ကြင်ဖက်နဲ့မိန်းမက ဘာကွာလို့လဲ။ အတူတူပဲကို။ နှစ်ပေါက်တစ်ပေါက်ရိုက်ချင်နေသေးတယ်။
[ငါ့ကမ္ဘာကို ပြန်သွားနိုင်ပြီပေါ့။]
[မှန်ပါတယ်။ missionကို လက်ခံပါမည်လား။ လက်ခံပါမည်လား။ လက်ခံပါမည်လား။]
[မင်းအဘ! ဘာနှိပ်နှိပ်အတူတူပဲကို။ ငါလက်မခံရင်လည်း လက်မခံလို့မရဘူးဆိုပြီးပဲ လုပ်မှာမလား။ သောက်ခွေးတဲ့မှ။ လက်ခံတယ်။ လက်ခံတယ်ဟေ့။]
[တူသလိုလိုထင်ရပေမယ့် မတူပါဘူးလေ....]
system၏ ရှင်းပြစကားပင်မဆုံးလိုက် သွမ့်ရုံရှင်းက တွေ့ရာခလုတ်ကိုကောက်နှိပ်ကာ comfirmလိုက်လေပြီ။ အစက comfirmခလုတ်တွေရဲ့ထောင့်နားမှာ ကြင်ဖက်ရဲ့လိင်အမျိုးအစားသတ်မှတ်ထားတဲ့ပုံသေးသေးလေးပါတယ်လို့ပြောမလို့ဟာ။ ရှိစေတော့၊ ရှိစေတော့။ ထို့နောက် သူ့Hostနှိပ်လိုက်သည့်ခလုတ်ကိုကြည့်လိုက်၏။ အဟွတ်!
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies