အခန်း(၄၀)

15.8K 2.6K 8
                                    

[Zawgyi]

{ကလေးမွေးစားမယ်}

ထို့နောက် ကျန်ရှိသည့်အချိန်ကတော့ သူရေးခဲ့သောဇာတ်လမ်းအကြောင်းကို ပြန်စဉ်းစားရင်း အချိန်ကုန်လေ၏။ ယွဲ့ယွမ်ရှီးနှင့် အခြားသောဆရာသခင်များသည် မိစ္ဆာဘုရင်နိုးမထလာမချင်း သူတို့၏တပည့်များကို ဂူပိတ်ကာ ကျင့်ကြံခိုင်းမည်ဖြစ်သည်။

လူသားတို့နှင့် အကြိမ်ကြိမ်ရင်ဆိုင်ကာ ရှုံးနိမ့်မှုအလီလီခံစားရပြီးနောက်တွင် မိစ္ဆာဘုရင်သည်လည်း အကွက်ချကြံစည်လာတော့သည်။ မိစ္ဆာဘုရင်နိုးထလာမည့်အချိန်မှာ သိပ်မလိုတော့သော်လည်း နိုးထပြီး လူသားလောကကို တရားဝင်စစ်ကြေညာသည့်အချိန်က တစ်နှစ်ကြာပြီးမှသာဖြစ်သည်။ ထိုတစ်နှစ်အတွင်းတွင် အသွင်ပြောင်းမိစ္ဆာတို့သည် လူသားများကြားတွင် ပျံ့နှံ့နေပြီဖြစ်၏။

လူသားနှင့် မိစ္ဆာတို့၏တိုက်ပွဲတွင် အရေးအပါဆုံးမှာ အသွင်ပြောင်းမိစ္ဆာများဖြစ်ကြသည်။ အသွင်ပြောင်းမိစ္ဆာတို့၏ မူရင်းပုံစံမှာ ဦးခေါင်းအလယ်တည့်တည့်တွင် ချိုတစ်ချောင်းရှိကာ ရုပ်ရည်ကလည်း အခြားသောမိစ္ဆာများလောက် ကြည့်ရမဆိုးပေ။ အသွင်ပြောင်းမိစ္ဆာများသည် သူတို့တစ်ကြိမ်မြင်ဖူးပြီးသားလူတို့၏ပုံစံကိုပြောင်းနိုင်ကြသည်။ ခွဲခြားရန်လည်း လွန်စွာခက်လှပေ၏။

ထို့သို့မဟုတ်လျှင်လည်း လူသားများပုံစံအတိုင်း ဖန်ဆင်းနိုင်ကြသည်။ မိစ္ဆာဘုရင်က ဤအချက်ကို ကောင်းစွာအသုံးချလေ၏။ အသွင်ပြောင်းမိစ္ဆာများကို လူကြားထဲ သူလျှို အဖြစ်လွှတ်ကာ အကြံအစည်များကို စနည်းနာသည်။ ထို့အပြင် အချင်းချင်း မယုံမကြည်ဖြစ်အောင်လည်း သွေးခွဲခိုင်းသည်။ ဝါးအစည်းပြေသလိုဖြစ်နေသောလူတို့ကို အနိုင်ယူရန်မခက်ခဲ။

တိုက်ပွဲဖြစ်နေစဉ်၌လည်း အသွင်ပြောင်းမိစ္ဆာများကို အကြီးအကဲများဟန်ဆောင်စေကာ တစ်ဖွဲ့ချင်းစီခွဲထုတ်စေ၏။ ထို့နောက်တွင်မှ ဝင်ရောက်သတ်ဖြတ်ခြင်းဖြစ်သည်။ အကြီးအကဲများကိုလည်း ကြိုတင်စီမံထားသော ဝင်္ကပါများရှိရာသို့ မျှားခေါ်လာစေကာ ဝင်္ကပါထဲတွင်ပိတ်လှောင်လိုက်သည်။ သူ၏အစီအစဉ်မှာ အကွက်ကျလွန်းလှသလို အောင်မြင်နှုန်းလည်းမြင့်မားသည်။ အကယ်၍ လင်းမိုသာ သူ့ကိုမသတ်နိုင်ခဲ့လျှင် လူသားများသည် ဤလောကမှ ပျောက်ကွယ်သွားရမည်ဖြစ်သည်။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now