[Zawgyi]
{မင်းဖေဖေငါက ဂေးမဟုတ်ဘူး!}
လင်းမို သူ့ကို ကြောင်ကြည့်နေတဲ့ ဆရာတူညီငယ်လေးကိုကြည့်ပြီး ရယ်ချင်သွားသည်။ သူ ဆရာတူညီငယ်လေးရဲ့ နဖူးကို လက်ညှိုးလက်မကွေးကာ မနာအောင် အသာတောက်ကာဆို၏။
"ကြည့်လို့ဝပြီလား?"
လင်းမို စကားကြောင့် Systemနဲ့ ရန်ဖြစ်နေတဲ့ သွမ့်ရုံရှင်း သတိပြန်ဝင်လာကာ နားရွက်ဖျားတွေနီရဲပြီး ရှက်သွား၏။
"ဘယ်..ဘယ်သူက လင်းကောကို ကြည့်နေလို့လဲ?"
ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်တဲ့ စကားသံအဆုံးမှာ လင်းမို၏မျက်နှာကပြုံးစစ။
"အဟမ်း! ကိုယ်နားလည်ပါတယ်။ ကိုယ်က အရမ်းချောနေတော့ ရှောင်ရှင်း ကိုယ့်ဆီက အကြည့်မလွှဲနိုင်ဘူးဖြစ်သွားတာမလား?"
သွမ့်ရုံရှင်း : ...
သားသားလေးလင်းရဲ့ ကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်နေမှုကြီးကို တစ်ယောက်လောက် ပြန်ဆွဲချကြပါ။
ဒီအချိန်မှာပဲ သူ့အာရုံထဲမှာ commentတွေ တရစပ်တက်လာပြန်၏။
[Comment(1) : အားးးး! ငါတို့ရဲ့ ရေခဲတုံးသူရဲကောင်းလင်းက သူ့ဆရာတူညီလေးကိုတော့ ဒီလိုတွေစတယ်ပေါ့။ မနာလိုလိုက်တာ။
Reply to comment(1) : ဟေ့..ဟေ့။ တို့ရှောင်ရှင်းလေးကို မနာလိုစရာအကြောင်းမရှိဘူးနော်။ ကုသိုလ်ကံချင်း တူလို့လားပြော။
Reply : ကုသိုလ်ကံချင်းမတူလို့ မနာလိုတာပေါ့။ ငါလည်း ဒီလိုဆရာတူအစ်ကိုတစ်ယောက်လောက် လိုချင်ပါတယ်။
Comment(2) : ဆရာတူညီလေးရှက်သွာတာ ချစ်စရာလေးနေမှာ။ လင်းမိုအစား ငါအူယားလိုက်တာ။
Comment(3) : ဆရာတူညီလေးကို လင်းမိုဆီကနေ ငါလုမယ်။
Reply : အဝေတည့်ပြီ။ လင်းမိုကို ငါယူမယ်။ မင်းက အဲ့ငတုံးကောင်ကို ယူ။
Reply : OCနေတာတွေ ခုရပ်!]
....သွမ့်ရုံရှင်းတစ်ယောက် commentတွေကိုဖတ်ကြည့်ရင်း သွေးတက်နေပြန်၏။
"ဖာ့ခ်ခ်!! လင်းမော့ရေ...။"
"ဘာများအလိုရှိလို့လဲ Host?"
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies